မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

0
120

မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ကာ ကွယ်ရေးဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးနှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Khamlieng Outhakaisone တို့ဆွေးနွေးခဲ့ကြသည်။

လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ရန် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းက ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ကိုယ်စား) လာအိုနိုင်ငံသို့သွားရောက်ခဲ့ပြီးနောက် Lieutenant General Khamlieng Outhakaisone နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒု-ဗိုလ်ချုပ်ကြီးစိုးမင်းဦးသည် ဗီယင်ကျန်းမြို့ Latsavong Wanda Vista Hotel ၌ပြု လုပ်သည့် (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး အထိမ်းအမှတ် ကြိုဆိုညစာစားပွဲကို တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here