ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစိုးရတစ်ခုတည်းမဟုတ်ဘဲ ပြည်သူကပါ ပူးပေါင်းလုပ်ဆောင်ကြရန် နစက ဥက္ကဋ္ဌ ပြောကြား

0
64

ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အစိုးရတစ်ခုတည်းသာမက ဒေသခံပြည်သူလူထုမှလည်း အတူတကွ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ စက်တင်ဘာ (၄) ရက် ကယားပြည်နယ် ၊ လွိုင်ကော်မြို့၌ ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေး၍ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့ပြင် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သောလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြမ်းဖက် လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ပြည်သူများအနေဖြ င့် ၎င်းတို့သက်ဆိုးရှည်စေမည့်ကိစ္စရပ်များကို ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ၎င်းကဆိုသည်။

လွိုင်ကော်မြို့ရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက် သင်ကြားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်များကိုလည်း ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ကာ အခြားမြို့များတွင် သွားရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေထိုင်သည့်ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးမည့် ကိစ္စများနှင့်ပတ်သက်၍အကျယ်တဝင့်ပြောကြားခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသကို မိမိတို့၏အသိစိတ်ဓာတ်ဖြင့် ကိုယ်စီ ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here