ကယားပြည်နယ် သန်းခေါင်စာရင်းကောက်ယူမှုအောင်မြင်နိုင်ရန် လုံခြုံရေးပိုင်းကို နစက ဥက္ကဋ္ဌမှာကြား

0
267

ပုံမှန်အခြေအနေပြန်ရောက်ရန် လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများ လုံခြုံရေးနှင့် ကယားပြည်နယ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှု အောင်မြင်ရေးအတွက် လုံခြုံရေးပိုင်းကိုဝိုင်းဝန်းဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ က စက်တင်ဘာ ၄ ရက်နံနက်ပိုင်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်မှစတင်၍ လွိုင်ကော်ဒေသအတွင်းနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိုက်ပွဲများ တစ်ချိန်တည်းဖြစ်ပေါ်ခဲ့ရာ တပ်မတော်မှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ကြံ့ကြံ့ခံပြန်လည်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တပ်မတော်သည်နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်ပေးလျက်ရှိပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ကယားပြည်နယ်အတွင်း နယ်မြေဒေသလုံခြုံရေးအတွက် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ၊ လွိုင်ကော်မြို့နှင့်လွိုင်ကော်လေဆိပ်လုံခြုံရေး၊ လမ်း၊ တံတားများလုံခြုံရေးလုပ်ငန်းများနှင့် တပ်နယ်များအလိုက် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ၊ KNPP ၊ KNDF နှင့် PDF အဖွဲ့ဝင်များက နယ်မြေတည်ငြိမ်မှုပျက်ပြားစေရန်လုပ်ဆောင်လျက်ရှိမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှု အခြေအနေများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်ခိုင်မှ နစက ဥက္ကဋ္ဌအားရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here