ကချင်တွင် ခရီးသွားလုပ်ငန်းတိုးတက်စေရန် လုပ်ငန်းလိုင်စင်သစ်များ ခွင့်ပြုပေးထား

0
73

ကချင်ပြည်နယ်တွင် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် (၇၈) လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ စုစုပေါင်း (၆၄) ခုကို ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုပေးခြင်းကို စက်တင်ဘာ ၄ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ပြုလုပ်သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ထိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဟိုတယ်/ တည်းခိုရိပ်သာ(၄)ခု လုပ်ငန်းလိုင်စင်သက်တမ်းတိုး လျှောက်ထားလာမှုများ ၊ ဟိုတယ်လုပ်ငန်းလိုင်စင်သစ် (၅) ခုနှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်သစ် (၃)ခု၊ ခရီးသွား လှည့်လည်ရေး လုပ်ငန်းလိုင်စင်သစ် လျှောက်ထားမှုများ၊ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးစဉ်ဖြစ်သည့် ဇီယာဒမ်း ကျေးရွာ ခရီးစဉ် ပြန်လည်ခွင့်ပြုနိုင်ရေး အပါအဝင် ရှေ့လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟုလည်း သိရသည်။

ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဟု ဆိုသည်။

ထိုနည်းတူ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားကုမ္ပဏီအသစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝန်ဆောင်မှု အရည်အသွေးများ အဆင့်အတန်းမီစွာ ပေးအပ်နိုင်ရေး၊ ဒေသတွင်း ခရီးစဉ်သစ်များ ဖော်ဆောင်ရာတွင် ခရီးစဉ် ဒေသ၏ အားသာချက်၊ အားနည်းချက်များကိုဆန်းစစ်ကာ အားလုံးက ပေါင်းစပ်ညှိနှိုင်းသွားရမည်ဖြစ်ကြောင်း တိုက်တွန်းခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here