ရန်ကုန်တွင် ၃ ရက်ကြာကျင်းပမည့်ထိုင်းပွဲတော်

0
81

ထိုင်းပွဲတော် “Thai Festival 2024 in Yangon” ကို ရန်ကုန်မြို့၌ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတော်ကို ရန်ကုန်မြို့၊ Junction City ပထမထပ် ပရိုမိုးရှင်းဧရိယာ၌ ကျင်းပသွားမည် ဖြစ်ကာ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ထိုင်းကုန်ပစ္စည်းအရောင်းဆိုင်ခန်းပေါင်းများစွာ ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ထိုပွဲတော်တွင် ထိုင်း-မြန်မာ ကုမ္ပဏီများ၏ ဆိုင်ခန်းပေါင်း ၄၅ ဆိုင်ပါဝင်ပြီး Junction City ကုန်တိုက် အတွင်းရှိ Market Place ၌လည်း ထိုင်းကုန်စည်များကို ပွဲတော်ကာလအတွင်း အထူးစျေးနှုန်းများဖြင့် ရောင်းချ ပေးသွားမည်ဟု သိရသည်။

ထိုနည်းတူ ထိုင်းကုန်စည်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အစားအသောက်၊ ရုပ်ရှင်ပြပွဲ၊ ယဉ်ကျေးမှု နှင့် တေးသီချင်း သီဆိုပွဲများ အပြင် ထိုင်းနိုင်ငံရှိ နာမည်ကြီး အနုပညာရှင်များ၊ မြန်မာနိုင်ငံရှိ နာမည်ကြီး အနုပညာရှင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here