မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ACEQM 2016 မှာ နန်းဆုရတီစိုး အကောင်းဆုံးဓာတ်ပုံဆုရရှိ

0
295

nansuyatisoe-1-copy

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ Asean Celebrity Explore Quest Malaysia (ACEQM 2016)ခရီးစဉ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အနေ နဲ့ တက်ရောက်ခဲ့တဲ့ နန်းဆုရတီစိုးက အကောင်းဆုံးဓာတ်ပုံဆုကို ရရှိခဲ့ပါတယ်။ ACEQM 2016 ကို မလေးရှားနို င်ငံရှိ
ကွာလာလမ်ပူမြို့နဲ့  ကိုတာကီနာဘာလူး မြို့များမှာ အောက်တိုဘာလ ၅ ရက်မှ ၁၃ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပြီးTourism Malaysia ရဲ့ ဖိတ်ကြားမှုနဲ့ မြန်မာနိုင်ငံမှ  ပိုင်တံခွန်၊ နန်းဆုရတီစိုး နဲ့ အမရာငြိမ်းတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ အာဆီယံ ၁ဝ နိုင်ငံမှ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင် များနဲ့ မီဒီယာများတက် ရောက်ခဲ့ကြပြီး ခရီးသွားလာခြင်းများ၊ အနုပညာ ဖလှယ်ခြင်းများ၊ လေ့လာရေး အစီအစဉ်များ၊ ယဉ်ကျေးမှုဖလှယ်ခြင်းများ၊ ဖျော်ဖြေရေးအစီအစဉ်များလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

အကောင်းဆုံးဓာတ်ပုံဆုရရှိခဲ့တဲ့ နန်းဆုရတီစိုးရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ
အကောင်းဆုံးဓာတ်ပုံဆုရရှိခဲ့တဲ့ နန်းဆုရတီစိုးရဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ

ဒီခရီးစဉ်မှာ ဓာတ်ပုံဆုရရှိခဲ့တဲ့အပေါ် နန်းဆုရတီစိုးက  “ဒီပွဲမှာ နန်းဆုရဲ့Instagram မှာတင်တဲ့ ဓာတ်ပုံလေးကBest Candid Award  ဆုရရှိခဲ့ပါတယ်။ ဆုအနေနဲ့ မလေးရှားနိုင်ငံ Laguna Island Resort   ကို ၂ ညအိပ် ၃ရက်ခရီး လက်မှတ်လေးရပါတယ်။
တခြားနိုင်ငံကအနုပညာရှင်တွေတင်တဲ့ပုံ ၃ဝဝဝကျော်ထဲကယှဉ်တာကို ဆုရတော့ တအား ပျော်မိပါတယ်” လို့ ပြောပါတယ်။

nansuyatisoe-3-copy

ACEQM 2016  ရဲ့  Gala dinner  မှာ ပိုင်တံခွန်နဲ့ နန်းဆုရတီစိုးတို့က ဦးရွှေရိုး၊ ဒေါ်မိုးအကနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

အာဆီယံဒေသတွင်း အနုပညာရှင်များ အချင်းချင်း ပိုမိုရင်းနှီးချစ် ကြည်လာစေဖို့နဲ့ အာဆီယံဒေသတွင်း ခရီးသွားလာရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ACEQM 2016 ကို မလေးရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတယ်လို့သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here