ရေကြီးမှု၌ တာဝန်မကင်းသောအရာရှိ အများအပြားကို ပြုံယမ်းကွ-ပ်မျ-က်

0
221

ဇူလိုင်လကုန်ပိုင်းက နိုင်ငံမြောက်ပိုင်းတွင် လူ ထောင်ချီ ‌ေ-သဆုံးခဲ့ရသည့် အကြီးအကျယ်ရေလွှမ်းမိုးမှုများ၌ တာဝန်မကင်းသော အစိုးရ အရာရှိအများအပြားကို မြောက်ကိုရီးယားက ကွ-ပ်မျ-က်ပစ်ခဲ့သည်ဟု တောင်ကိုရီးယား ရုပ်သံလွှင့်ဋ္ဌာနတစ်ခုက ေပြာသည်။

ရေလွှမ်းမိုးသောဒေသမှ ဒေသန္တရ အစိုးရအရာရှိ ၂၀ မှ ၃၀ ဝန်းကျင်ခန့်ကို ပြီးခဲ့သည့်လတွင် ကွ-ပ်မျ-က်ရေးတပ်ဖွဲ့က အဆုံးစီရင်ခဲ့ သည်ဟု အမည်မဖော်သည့် တောင်ကိုရီးယားအစိုးရ အရာရှိတစ်ဦးကို ကိုးကား၍ TV Chosun က ဖော်ပြခဲ့သည်။

ပျက်စီးထိခိုက်မှုများသော ရေလွှမ်းမိုးမှုဖြစ်စဉ်အတွင်း ရေဘေးဒဏ်အဆိုးဝါးဆုံးခံခဲ့ရသော Jagang ပြည်နယ်တွင် ‌ေ-သဆုံးသူ ထောင်ဂဏန်းအထိ ရှိနိုင်သည်ဟု ထို သတင်းက ဆိုသည်။

တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေး ဌာနသည် အဖြစ်အပျက်များနှင့် ပတ်သက်သော ထောက်လှမ်းရေးအချက်အလက်များကို ရရှိပြီးနောက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ထောက်လှမ်းရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသေးစိတ်အချက်များမပါဘဲ ပြောဆိုခဲ့သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ကိုင်တွယ်ရသည့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကမူ ၄င်းသတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ရေကြီးမှုဖြစ်စဉ်တွင် တာဝန်ဝတ္တရားများကို အလွန်တရာ ပေါ့ပေါ့လျော့လျော့လုပ်ခဲ့သူများကို ပြင်းထန်စွာ အပြစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် အ‌ေ-သအပျောက်ဖြစ်ခဲ့ရမှုများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ဇူလိုင်လကုန်ပိုင်းက အလုပ်သမားပါတီ အရေးပေါ်အစည်းအတွင်း ပြောဆိုခဲ့ကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here