ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူနှစ်ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့

0
373

အစိုးရအနေဖြင့် ပြည်ပတွင် ရောက်နေသော နိုင်ငံသားများအခက်အခဲကြုံပါက မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်များသည် သက်ဆိုင်ရာနှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိရန် လုပ်ဆောင်ပေးနေကြောင်း သိရပြီး ယခုအခါတွင်လည်း ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မစံပယ်ဖြူနှင့် မနီနီဝင်းတို့ (၂)ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နှင့် Howtat Bani Tamin မြို့တို့တွင် အိမ်အကူလုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် အဆိုပါမိန်းကလေး ၂ ဦးအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ရီရတ်ဒ်မြို့ရှိ မြန်မာသံရုံးသည် လူဝင်မှုကြီးကြပ်ရေးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

ထိုသို့ ညှိနှိုင်းပြီးနောက် ၎င်းတို့နှစ်ဦးသည် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့၍ စက်တင်ဘာ (၃) ရက်တွင် ရီရတ်ဒ် -နယူးဒေလီ – ရန်ကုန်လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ စက်တင်ဘာ (၄)ရက်၊ နံနက်ပိုင်းက ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here