မကွေးမြို့တွင် ကျပ်သန်း (၈၀၀)ခန့် သုံး၍ကျောင်းဆောင်သစ်ဆောက်ခြင်းနှင့်အုတ်ရေမြောင်းတို့လုပ်နေ

0
254

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျပ်သန်း (၈၀၀)နီးပါး အကုန်ကျခံပြီး ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းနှင့် မကွေးမြို့ ရေစီးရေလာ ကောင်းမွန်စေရေး တက္ကသိုလ်အရှေ့ဘက်လမ်း အုပ်ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီစဉ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

မကွေးမြို့ အောင်စေတနာရပ်ရှိ အလက-အောင်စေတနာ (၁၄၀×၃၀) ပေ RCC(၂)ထပ် ကျောင်းဆောင်သစ် ကို ပညာရေးဌာန တာဝန်ရှိသူများနှင့် တည်ဆောက်ရေးကုမ္ပဏီ တာဝန်ရှိသူတို့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ (၄၆၀.၆၆၀၀) ကျပ်သန်းဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

မကွေးမြို့ တက္ကသိုလ်အရှေ့ဘက်လမ်း (တောင်တွင်းလမ်းနှင့် သစ်တောလမ်းကြား) အုတ်ရေမြောင်း ပြုလုပ်ခြင်းကို ခွင့်ပြုငွေ (၃၃၂.၉၆၆) ကျပ်သန်းဖြင့် (၄၁၃၀×၃×၄) ပေအတိုင်းအတာကို တိုင်းဒေသကြီးနှင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးမြို့ရေစီးရေလာကောင်းမွန်စေရေး လေတပ်စခန်း၊ မကျီးကန်ဘက်တို့မှ စီးဝင်လာသော ရေများသည် အောင်ဇေယျာ စိတ္တသုခ ရေထုတ်မြောင်းမကြီးမှတစ်ဆင့် ကန်သာကန် (ရေစုရေထိန်းကန်) အတွင်းသို့ စီးဝင်ပြီး သတ်မှတ်ရေထိန်းပမာဏထက် ပိုလျှံသော ရေများအား ရေပိုလွှ(Spill Way)တဆင့် တောင်တွင်းလမ်းဖြတ်တံတားကို ဖြတ်၍ တက္ကသိုလ်အရှေ့ဘက် အုတ်ရေမြောင်းအတွင်းသို့ စီးဝင်နိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တက္ကသိုလ်အရှေ့ဘက်အုတ်ရေမြောင်းမှတစ်ဆင့် သစ်တောလမ်း အုတ်ရေမြောင်းအတွင်းသို့ ဖြတ်သန်းစီးဆင်းစေပြီး ဧရာဝတီမြစ်အတွင်းသို စီးဝင်စေမည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ ရေစီးရေလာကောင်းမွန်စေရေး အကောင်အထည်ဖော်ဆောင်ရမည့် စီမံချက် ရေမြောင်း အတိုင်းအတာမှာ (၁၇၉၀၈၂) ပေဖြစ်ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် ရေမြောင်းအတိုင်းအတာမှာ (၁၆၇၅၆၅)ပေ ရာခိုင်နှုန်း အားဖြင့် (၉၃ )% ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here