ရန်ကုန် – ဒလ ကားကူးဇက်ကို ပိတ်ရက်မရှိ နေ့စဉ် တနေ့ ၁၂ ခေါက်ပြေးဆွဲလျက်ရှိ

0
104

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ကုန်စည်များအချိန်မှီတင်ပို့နိုင်စေရန်နှင့် ခရီးသွားများ ကိုယ်ပိုင်ယာဉ်များဖြင့် သွားလာရာတွင် နှောင့်နှေးကြန့်ကြာမှု နည်းပါးစေရန် ရန်ကုန် – ဒလ ကားကူးဇက်ကို ပိတ်ရက်မရှိ နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

အဆိုပါ ရန်ကုန် – ဒလ ကားကူးဇက်ကို မနက် (၇)နာရီမှ ည(၇)နာရီအထိ ရန်ကုန်မှ ဒလသို့ တစ်ရက်လျှင် (၁၂)ခေါက် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

“အချိန်က တစ်စီးနဲ့ တစ်စီးကြား အချိန် တစ်နာရီခြားတယ်။ ကားအပြည့်ဆိုရင် ၃၀ လောက် တင်လို့ရတယ်။ ဆိပ်ကမ်းအာဏာပိုင်ဆိုတော့ ဖြတ်သန်းခပဲ ကောက်ပါတယ်။ အဓိက ရန်ကုန်နဲ့ ဒလ၊ ဒလနဲ့ ရန်ကုန် ပို့ဆောင်တာကျတော့ ပြည်တွင်းရေကြောင်း ပို့ဆောင်းရေးက ကောက်ခံပါတယ်။” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နယ်မြေ မန်နေဂျာ ဦးအောင်ကျော်ဦးက နိုင်ငံပိုင် သတင်းစာမှ တစ်ဆင့် အသိပေး ပြောဆိုသည်။

စက်တင်ဘာ (၁)ရက်မှ စတင်၍ ယာဉ်/ ကုန် အမျိုးအစားများတွင် ခရီးသည် တစ်ဦး ကျပ် (၃၀၀)၊ (၁)တန်အောက် ယာဉ်များ ကျပ် (၄၅၀၀)၊ (၁)တန်မှ (၂)တန်အောက် ယာဉ်များ ကျပ် (၅၅၀၀)၊ (၂)တန် (၃)တန်အောက် ယာဉ်များ ကျပ် (၇၀၀၀)၊ (၃)တန်မှ (၅)တန်အောက် ယာဉ်များ ကျပ် (၈၅၀၀)၊ (၅)တန်အထက် ယာဉ်များ ကျပ် (၁၀၀၀၀)၊ စက်ဘီး တစ်စီး ကျပ် (၁၅၀)၊ လျှပ်စစ် စက်ဘီး တစ်စီး ကျပ် (၂၀၀)၊ ဆိုက္ကား တစ်စီး ကျပ် (၃၀၀)၊ ဆိုင်ကယ် တစ်စီး ကျပ် (၁၀၀၀)၊ ကုန်အနေဖြင့် တစ်တန်ကို ကျပ် (၂၀၀၀) ကောက်ခံလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here