မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားက ခေါ်ယူ

0
71

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားစူပါလိဂ်ကလပ် Kelantan Darul Naim FC က ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ (၄)ရက်တွင် အသင်းက တရားဝင်အသိပေးထုတ်ပြန်ထားသည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သောဘောလုံးရာသီက ထိုင်းလိဂ်-၂ ကလပ်တစ်ခုဖြစ်သည့် နာခွန်ရက်ချာရှီးမားအသင်း၌ ကစားခဲ့ပြီးနောက် အသင်းနှင့်တရားဝင်လမ်းခွဲခဲ့ကာ အသင်းလက်မဲ့အခြေအနေဖြစ်နေရာမှ Kelantan Darul Naim FC က ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် Kelantan Darul Naim FC နှင့်အတူ မလေးရှားစူပါလိဂ် ပွဲစဉ်(၁၀)တွင် ပြိုင်ဘက် ဂျိုဟိုဒါရူတာဇန်အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Kelantan Darul Naim FC  အသင်းသည်ယခုနှစ် မလေးရှားစူပါလိဂ်ပွဲစဉ်(၉) ကစားပြီးချိန်တွင် ရမှတ်(၃)မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် အောက်ဆုံးတွင် ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။

Kelantan Darul Naim FC သည် အောင်ကောင်းမာန်အတွက် ဒုတိယမြောက် မလေးရှား ကလပ်အသင်းဖြစ်ပြီး ၂၀၂၁ ဘောလုံးရာသီက ဆရီပါဟန်းအသင်း၌ ပထမအကြိမ်ဝင်ရောက်ကစားခဲ့သေးသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး သန်းပိုင်၊ နောက်ခံကစားသမား ဇော်မင်းထွန်း၊တိုက်စစ်မှူး အောင်ကောင်းမာန်၊ ကျော်မင်းဦး၊ တောင်ပံကစားသမား သီဟဇော်၊ တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမား ဝေလင်းအောင်တို့မှာ ထိုင်းလိဂ်(၁)၊ (၂)နှင့် မလေးရှားနှင့် ကမ္ဘောဒီယား ကလပ်များတွင် သွားရောက်ကစားနေကြခြင်းဖြစ်သည်။

ပုံစာ- အသင်းအသစ်နှင့်အတူ လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာတိုက်စစ်မှူးအောင်ကောင်းမာန်


LEAVE A REPLY

Please enter your comment!
Please enter your name here