တရုတ်ကန့်ကွက်လည်း တောင်တရုတ်ပင်လယ်၌ရေနံရှာဖွေတူးဖော်မှုများကို ရပ်တန့်ရန်မရှိ– မလေးဝန်ကြီးချုပ်

0
333
In this pool photograph distributed by the Russian state agency Sputnik, Malaysia's Prime Minister Anwar Ibrahim attends a plenary session of the Eastern Economic Forum in Vladivostok on September 5, 2024. (Photo by Vyacheslav PROKOFYEV / POOL / AFP)

ပိုင်နက်ချိုးဖောက်သည်ဆိုကာ ပေကျင်းက ကန့်ကွက်နေသော်လည်း သူ့နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်မှုများကို ရပ်တန့်သွားမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကြာသပတေးနေ့(စက်တင်ဘာ ၅) တွင် ပြောသည်။

မလေးရှား၏ စူးစမ်းရှာဖွေ တူးဖေါ်မှုလုပ်ငန်းများသည် မိမိပိုင်နက်အတွင်း၌သာ လုပ်ဆောင်နေခြင်းဖြစ်သကဲ့သို့ ရင်းနှီးသည့် ဆက်ဆံရေးရှိသော တရုတ်နိုင်ငံကို ရန်စသည့် ရန်လိုသည့် ရည်ရွယ်ချက်မျိုး မရှိကြောင်းလည်း ရုရှားနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးရောက်ရှိနေသည့် အန်ဝါက ပြောသည်။

မိမိတို့ ပိုင်နက်အတွင်း ရေနံတူးဖော်ခြင်း အပါအဝင် စီးပွားရေးအကျိုးအမြတ်ရစေရေးနှင့် မိမိတို့ ရေပြင်တွင် လုပ်ငန်းများလည်ပတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဗလာဒီဗော့စ်တော့ခ်တွင် ပြုလုပ်သည့် ရုပ်သံသတင်းစာရှင်းလင်းပွဲတွင် အန်ဝါက ပြောဆိုခဲ့သည်။

“တရုတ်နဲ့ ဆွေးနွေးဖို့က ကျွန်တော်တို့ ဘယ်တုန်းကမှ ငြင်းဆိုတာ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ ဒါက ကျွန်တော်တို့နယ်မြေထဲက လုပ်ငန်းဆောင်ရွက်တာတွေကို ရပ်တန့်ရမယ်လို့တော့ မဆိုလိုပါဘူး” ဟု သူက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှ သံတမန်ဆိုင်ရာ ကန့်သတ် စာတမ်းတစ်ခု ပေါက်ကြားခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

ဖိလစ်ပိုင်သတင်းဋ္ဌာနတစ်ခုက ရရှိခဲ့သော ယင်းစာထဲတွင် တောင်တရုတ်ပင်လယ်၌ မလေးရှား၏ ရေနံ၊ဓါတ်ငွေ့ ရှာဖွေမှုများသည် ၎င်းတို့ပိုင်နက်ကို ချိုးဖောက်နေသည်ဟု ပေကျင်းက အခိုင်အမာဆိုထားကြောင်း ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Petronas သို့မဟုတ် Petroliam Nasional Berhad သည်
မလေးရှား၏ အထူးစီးပွားရေးဇုန်အတွင်းရှိ ရေနံနှင့် ဓါတ်ငွေ့လုပ်ကွက်များကို ဆောင်ရွက်နေပြီး မကြာသေးမီနှစ်များက တရုတ်သင်္ဘောများနှင့် အငြင်းပွားဖွယ် ထိတွေ့မှုများစွာ ဖြစ်ခဲ့သည်။

Ref: အာရပ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here