မြန့်မာ့ကော်ဖီ တောင်ကိုရီးယားဈေးကွက်သို့ ထိုးဖောက်နိုင်ရန် လုပ်ငန်းရှင်များကို ပြပွဲသို့ဖိတ်ခေါ်

0
258

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025) ကို လာမည့်နှစ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကော်ဖီသောက်သုံးမှုမြင့်မားသော တောင်ကိုရီးယားကော်ဖီဈေးကွက်သို့ မြန်မာ့ကော်ဖီထိုးဖောက်ဝင်ရောက်လိုသည့်လုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံရှိ ညီလာခံများနှင့် ပြပွဲများ ကျင်းပရေးစင်တာ (Convention & Exhibition Center – COEX) နှင့် ကိုရီးယားကော်ဖီအသင်း (Korea Coffee Association – KCA) တို့ ပူးပေါင်း၍ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ဆိုးလ်မြို့ကော်ဖီပြပွဲ (Coffee Expo Seoul 2025) ပြပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ကိုးရီးယားက ဖိတ်ကြားမှုတွေက ကော်ဖီနိုင်ငံကြီးတွေကို ရွေးဖိတ်ပါတယ်၊ကော်ဖီစိုက်ပျိုးထုတ်လုပ်တဲ့ ဘရာဇီး၊ ကိုလံဘီယာ အစရှိတဲ့နိုင်ငံများနှင့်အတူ ဧည့်နိုင်ငံအဖြစ် နိုင်ငံတခုကို ရွေးချယ်မယ်လို့ သိထားပါတယ်” ဟု ကော်ဖီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအား ပြပွဲ၏တရားဝင်ဖိတ်ကြားခံရသော ဧည့်နိုင်ငံ (Guest Country) အဖြစ် ပါဝင်စေလိုကြောင်း ဖိတ်ကြားလာသည့်အတွက် မြန်မာနိုင်ငံကော်ဖီအသင်းမှ ဧည့်နိုင်ငံအဖြစ် ပါဝင်လိုပါက အဆိုပြုလွှာတစ်စောင်နှင့်တကွ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here