ဂျပန်နှင့်ဩစတြေးလျပူးတွဲစစ်ရေးလေ့ကျင့်မှုတိုးမြှင့်ရန်သဘောတူ

0
266
Australia's Foreign Minister Penny Wong (2nd L) and Australia's Defence Minister Richard Marles (R) pose with Japan's Minister of Foreign Affairs Yoko Kamikawa (2nd R) and Japan's Defence Minister Minoru Kihara during a family photo at the 11th Australia-Japan 2+2 Foreign and Defence Ministerial Consultation in Queenscliff on September 5, 2024. (Photo by William WEST / AFP)

ကွင်းစ်ကလစ်ဖ်၊စက်တင်ဘာ ၅

ဒေသတွင်းခြိမ်းခြောက်မှု အန္တရာယ်များကိုတိုက်ဖျက်ရန် စိတ်တူကိုယ်တူမိတ်ဖက်နိုင်ငံများအနေဖြင့် လက်တွဲဆောင်ရွက်သင့်ကြောင်း ဂျပန်ထိပ်တန်းသံတမန်က ဩစတြေးလျခရီးစဉ်တွင်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေး ကို တိုးမြှင့်ရန်ကတိပြုခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကိုကာမိကာဝနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ဩစတြေးလျမှ နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးများ နှင့်တွေ့ဆုံကာ လေတပ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနှင့် စစ်ရေးလေ့ကျင့်မှုများကိုတိုးချဲ့လုပ်ဆောင်ရန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။

ထို့အပြင် ၎င်းတို့သည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသောရေပိုင်နက်အတွင်း တရုတ်သင်္ဘောများနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကိုပါ ကူညီရန်သဘောတူညီခဲ့ကြကြောင်းလည်းသိရသည်။

မကြာသေးမီအချိန်က တရုတ်သင်္ဘောနှင့်လေယာဉ်အချို့သည် ဂျပန်ရေပိုင်နက် နှင့် လေပိုင်နက်များသို့ ချိုးဖောက်ဝင်ရောက်ခဲ့သည့် လုပ်ရပ်ကို ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးက စိုးရိမ်ပူပန်မိကြောင်းထုတ်ဖော်ပြောကြားကာ တွေ့ဆုံဆွေးနွေးမှုအတွင်း အဆိုပါကိစ္စကိုပါထည့်သွင်းဆွေးနွေးခဲ့သည်ဟုသိရသည်။

ယခုဆွေးနွေးမှုမှ ဂျပန်နှင့်ဩစတြေးလျတို့အကြား လေတပ်ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ရန်နှင့် အမေရိကန်ပြည်ထောင်စုနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ၌ အချင်းချင်းပူးပေါင်းပါဝင်ရန် သဘောတူညီချက်များကို ရရှိခဲ့ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here