ကူဝိတ်နိုင်ငံအတွက် ဝင်ငွေ ၉၅ ရာခိုင်နှုန်းကျော်ရှာဖွေပေးနေသည့် ကူဝိတ်ရေနံကုမ္ပဏီအား မြန်မာသံအမတ်ကြီးသွားရောက်လေ့လာ

0
209

ကူဝိတ်နိုင်ငံပိုင်ဖြစ်သော ကူဝိတ်ရေနံကုမ္ပဏီ(KOC)အား ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်၏ အလှည့်ကျဥက္ကဋ္ဌ မြန်မာသံရုံးမှ သံအမတ်ကြီးဦးချမ်းအေးဦးဆောင်ကာ အာဆီယံအကြီးအကဲများမှ စက်တင်ဘာ ၄ ရက်ကသွားရောက်လေ့လာခဲ့ကြသည်။

မြန်မာသံအမတ်ကြီးဦးချမ်းအေးနှင့်အတူ ကူဝိတ်မြို့ရှိ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသံရုံးတို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များလိုက်ပါခဲ့ကြသည်။

သံအမတ်ကြီးဦးချမ်းအေးနှင့် အာဆီယံသံရုံးအကြီးအကဲများအား ကူဝိတ်ရေနံကုမ္ပဏီ(KOC)၏ ဒုတိယအမှုဆောင်အရာရှိချုပ်က လက်ခံတွေ့ဆုံကာ ကုမ္ပဏီမှဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက Ahmad Al-Jaber Oil & Gas Exhibition ရေနံထုတ်လုပ်မှု ပြခန်းကိုလိုက်လံပြသခဲ့ကြောင်း သိရသည်။

ကူဝိတ်ရေနံကုမ္ပဏီ (KOC)သည် ကူဝိတ်နိုင်ငံအတွက် ဝင်ငွေ ၉၅ ရာခိုင်နှုန်းကျော်ရှာဖွေပေးနေသည့် နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်ကာ အာဆီယံသံရုံးအကြီးအကဲများ၏ လေ့လာရေးခရီးစဉ်တွင် ကုမ္ပဏီနှင့် အာဆီယံနိုင်ငံများမှ သံရုံးများကြားပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here