အိန္ဒိယနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းသားများ မြန်မာနိုင်ငံသို့လေ့လာရေးလာရောက်

0
228

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence College မှသင်တန်းသားများသည် စက်တင်ဘာ ၁ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်အဖြစ်ရောက်ရှိခဲ့ကာ ရန်ကုန်မြို့နှင့်နေပြည်တော်တို့ရှိ အထင်ကရနေရာများကိုလည်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းသားများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းဈေးကိုလည်း သွားရောက် လေ့လာလည်ပတ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ဂါရဝပြုခဲ့ကြပြီး တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်)၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့သွားရောက်၍ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြတိုက်တို့ကို လေ့လာခဲ့ကြကြောင်း သိရသည်။

နေပြည်တော်သို့ရောက်ရှိနေစဉ်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့အားဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား National Defence College မှအကြီးတန်းနည်းပြအရာရှိ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်ကာ လာရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ စက်တင်ဘာ ၅ ရက်နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here