2024 RW1 ဟု အမည်ပေးထားသော ဥက္ကာခဲတစ်ခုသည် မထင်မှတ်ပဲ စက်တင်ဘာ ၄ ရက်နေ့က ကမ္ဘာ့လေထုထဲအထိ ဝင်ရောက်လာခဲ့ကာ ဖိလစ်ပိုင်စံတော်ချိန် ၁၂း၄၀ တွင် ဖိလစ်ပိုင်နိုင်ငံလေပိုင်နက် တောင်ပစိဖိတ်ဒေသရှိ လေထုထဲတွင် မီးသင့်လောင်ကျွမ်းသွားခဲ့သည်။ သို့ရာတွင် တိုင်ဖွန်း ယာဂီ ကြောင့်ဖြစ်ပေါ်နေသည့် မိုးတိမ်ထူထပ်သော ရာသီဥတုကြောင့် ယင်းမြင်ကွင်းကို မြေပြင်ပေါ်ရှိ လူအတော်များများ မတွေ့မြင်ခဲ့ကြချေ။
အကြမ်းဖျင်းအားဖြင့် ခန့်မှန်းခြေ ၁ မီတာအချင်းရှိမည့် အဆိုပါ ဥက္ကာခဲကို နာဆာမှ ရန်ပုံငွေဖြင့်လည်ပတ်နေသည့် Catalina Sky Survey မှ တွေ့ရှိခဲ့ပြီး 2024 RW1 ဟု အမည်မတွင်မီ CAQTDL2 ဟု အမည်ပေးခဲ့သည်။
ယင်းဥက္ကာခဲ ကမ္ဘာဆီသို့ ဦးတည်နေသည်ကို သိရှိပြီး နာရီပိုင်းမျှအကြာတွင် ကမ္ဘာ့လေထုထဲသို့ လျှင်မြန်စွာရောက်လာကာ မီးသင့်လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဥက္ကာခဲများနှင့် ဂြိုဟ်သိမ်များ ကမ္ဘာ့မြေမျက်နှာပြင်ကို ထိမှန်မည့် အခွင့်အလမ်းသည် ယခင်ကသိထားသည်ထက် ပိုမိုနေကြောင်း သိပ္ပံပညာရှင်တို့ကဆိုလာကြသည်။