ဟံသာဝတီဖလားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်းဗိုလ်စွဲ

0
90

ပဲခူးတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးတိုင်းအတွင်း မျိုးဆက်သစ်ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးနှင့်အစဉ်အလာကြီးမားခဲ့သည့်ပဲခူးတိုင်း၏ ဘောလုံးအားကစားဂုဏ်ကိုပြန်လည်ဖော်ထုတ်နိုင်စေရန်ရည်ရွယ်ကျင်းပသည့် အသက်(၂၁)နှစ်အောက် ဟံသာဝတီဖလားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်းကအနိုင်ရဗိုလ်စွဲကာ တံခွန်စိုက်ဆုဖလားရရှိခဲ့သည်။

ဟံသာဝတီဖလားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအား ယမန်နေ့ စက်တင်ဘာ ၆ ရက်ညနေပိုင်းက ပဲခူးမြို့ရှိ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း ၌ကျင်းပရာ ရန်ကုန်တိုင်းဘောလုံးအသင်းနှင့်ပဲခူးတိုင်းဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ ပွဲအပြီးတွင် ရန် ကုန်တိုင်းဘောလုံးအသင်းက ပဲခူးတိုင်းဘောလုံးအသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သဖြင့်ပထမတံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ်သိန်း(၁၀၀)ကိုဆွတ်ခူးသွားသည်။

ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဘောလုံးအသင်းကလည်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကျပ်(၇၅)သိန်းကို ချီးမြှင့်ခံခဲ့ရသည်။

အသက်(၂၁)နှစ်အောက် ဟံသာဝတီဖလားဘောလုံးပြိုင်ပွဲအား သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၆ ရက်အထိ အသင်းပေါင်း(၁၀)သင်းဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ကျင်းပခဲ့ခြင်းပြီး ပထမဆုကို ရန်ကုန်တိုင်းဘောလုံးအသင်း၊ ဒုတိယဆုကို ပဲခူးတိုင်းဘောလုံးအသင်းတို့က ဆွတ်ခူးရရှိခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here