ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ သန်း ၂၅၀ ရှိ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ထပ်မံပေးအပ်မည်

0
129

ခဲယမ်းမီးကျောက်များ အပါအဝင် ဒေါ်လာသန်း ၂၅၀ တန်ဖိုးရှိသော စစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှု အစီအစဉ်သစ်ကို ယူကရိန်းနိုင်ငံသို့ အမေရိကန်အစိုးရက ခွဲဝေပေးလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်ခဲ့သည်။

“ယနေ့တွင်၊ ယူကရိန်း၏ အရေးကြီးသော လုံခြုံရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် နောက်ထပ် လုံခြုံရေးအကူအညီများပေးအပ်ရန်ကို ကာကွယ်ရေးဌာနက ကြေညာခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါပက်ကေ့ချ်မှာ “ခန့်မှန်းခြေအားဖြင့် $ 250 သန်း” ရှိသည်။ ၎င်းပက်ကေ့ချ်တွင် RIM-7 ဒုံးကျည်များ၊ HIMARS ဒုံးပစ်လောင်ချာမျိုးစုံအတွက် ဒူုံကျည်များ၊ 155 mm နှင့် 105 mm caliber အမြောက်ကျည်များ၊ Stinger MANPADS လေယာဉ်ပစ်လက်နက်များ၊ Javelin နှင့် AT-4 တင့်ကားဖျက်စနစ်များအပြင် ဝါယာကြိုးဖြင့်ထိန်းချုပ်ရသော(TOW) ဒုံးကျည်များပါဝင်သည်။

ထို့အပြင် Bradley ခြေလျင်တိုက်ခိုက်ရေးယာဉ်များ၊ M113 သံချပ်ကာယာဉ်များ၊ မိုင်းဒဏ်ခံနိုင်သော ချောင်းမြောင်းကာကွယ်ရေးယာဉ်များ၊ ကင်းလှည့်သင်္ဘောများ၊ လက်နက်ငယ်ကျည်များနှင့် လက်ပစ်ဗုံးများ၊ ပေါက်ကွဲစေတတ်သောယမ်းများနှင့် အပိုပစ္စည်းများလည်း ပါဝင်သေးသည်။ အမေရိကန် လက်နက်ခဲယမ်းသိုလှောင်ရုံများတွင် ရှိပြီးသား ပစ္စည်းများကို ကိယက်ဗ်သို့ ပေးပို့မည်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းသို့ လက်နက်သစ်များ ပေးပို့ခြင်းသည် ရှေ့တန်းရှိ အခြေအနေကို ပြောင်းလဲစေမည်မဟုတ်ဘဲ ပဋိပက္ခကိုသာ ပိုမိုရှည်ကြာစေလိမ့်မည်ဟု ယခင်ကတည်းကပင်လျှင် အလေးထားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here