နိုင်ရိုးဘီး၊စက်တင်ဘာ ၈
စက်တင်ဘာလ ၆ ရက်နေ့က ကင်ညာနိုင်ငံ၌ဖြစ်ပွားခဲ့သည့် ကျောင်းမီးလောင်မှုတွင် ကျောင်းသား ၂၁ ဦးေ-သဆုံးခဲ့ကြောင်း စက်တင်ဘာ ၇ ရက်နေ့တွင် အာဏာပိုင်များကအတည်ပြုပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ ဖြစ်ပွားရသည့် အကြောင်းရင်းကိုဆက်လက်စုံစမ်းလျက်ရှိပြီး မီးလောင်မှုသည် အဆိုပါကျောင်းမှ ကျောင်းသားများနေထိုင်ရာအဆောင်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
မီးလောင်မှုဖြစ်ပွားချိန်၌ အဆောင်တွင် အသက် ၉ နှစ်မှ ၁၃ နှစ်ကြား ကျောင်းသား ၁၅၀ ဦးအိပ်ပျော်နေသည့်အချိန်ဖြစ်ပြီး အခင်းဖြစ်နေရာ၌ ရုပ်အလေ-ာင်း ၁၉ လေ-ာင်းရရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံတွင်ေ-သဆုံးသွားခြင်းဖြစ်သည်ဟုလည်းသိရသည်။
မီးလောင်ကျွမ်းမှုအရှိန်ပြင်းခြင်းကြောင့် ေ-သ ဆုံးသူကျောင်းသားများကို မည်သူမည်ဝါ ဟူ၍ ခွဲခြားရန် ခက်ခဲခဲ့ပြီး မှုခင်းဆရာဝန်များအနေဖြင့် ဒီအင်န်အေစစ်ပြီး အတတ်နိုင်ဆုံးခွဲခြားနိုင်ရန်ကြိုးပမ်းနေလျက်ရှိကြကြောင်းလည်းသိရသည်။
မီးလောင်မှုကို စုံစမ်းစစ်ဆေးမှုများလုပ်၍ မပြီးသေးခင်မှာပင် အခြားမိန်းကလေးကျောင်းတစ်ကျောင်းတွင်လည်း မီးလောင်မှုထပ်မံဖြစ်ပေါ်ခဲ့သေးပြီး ေ-သဆုံးမှုမရှိဘဲ ထိခိုက်ဒဏ်ရာရမှုများသာရှိခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။
ကင်ညာ၌ အလားတူမတော်တဆမှုများသည် မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိသည့်အ တွက်စာသင်ကျောင်းများနှင့်ကလေးငယ်များလုံခြုံရေးက်ု စောဒကတက်စရာကိစ္စများလည်းရှိလာခဲ့သည်။
နိုင်ငံတော်သမ္မတကမူ ယခုမီးလောင်မှုတွင် အသက်ဆုံးရှုံးသွားရသည့် ကျောင်းသားများအတွက် နိုင်ငံ၌ သုံးရက်တာကာလ ဝမ်းနည်းခြင်းအခမ်းအနားကျင်းပမည်ဟုဆိုကာ မီးလောင်မှုအတွက် တာဝန်ရှိသည့်တရားခံများကိုလည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်