နိုင်ငံတော်စရိတ်ဖြင့် ကျိုက်ထိုမြို့နယ် ကျေးရွာများသို့ ရွှေ့လျားဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေကုသပေးမည်

0
53

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ
ကျေးရွာများသို့ နိုင်ငံတော်က အကုန်အကျခံ၍ ရွှေ့လျားဓာတ်မှန်စက်ဖြင့် ရောဂါရှာဖွေကုသပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနထံက သိရသည်။

ရောဂါရှာဖွေ ကုသပေးရာတွင် ယခုလ စက်တင်ဘာ(၁၁)ရက်မှ (၁၄)ရက်နေ့အထိ ဘိုရားကြီကျေးရွာ၊ ကော့စံနိုင်ရပ်ကွက်၊ သိမ်ဇရပ်အမှတ်(၄)၊ ပျဉ်းမစခန်းကျေးရွာနှင့် ခလွန်ကျေးရွာတို့တွင် ဆောင်ရွက်ပေးသွားမညဲစ်ကြောင်း သိရသည်။

ကွင်းဆင်းကုသပေးရာတွင် ပြည်နယ်အဆင့် အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာဆရာ ဝန်ကြီးများ ပါဝင်သောကွင်းဆင်းရောဂါရှာဖွေစစ်ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်ပြည့်သူ့ကျန်းမာရေးဉီးစီးဌာနမှဝန်ထမ်းများပူးပေါင်းဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။

ရောဂါရှာဖွေကုသပေးရာတွင် သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ
မောပန်းလွယ်နေသူများ၊ မကြာခဏချောင်းဆိုနေသူများ၊ အစားအသောက်ပျက်နေသူများ၊ ပိန်ချုံးလာသောလူနာများ၊ ဆေးလိပ်သောက်သောလူနာများ
လာရောက်ပြီးရောဂါစစ်ဆေးကြရန်ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ-ကျိုက်ထိုမြို့နယ်ကျန်းမာရေးဉီးစီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here