ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း(YAGI) ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ စဝင်နေပြီး မယ်ဆိုင်ချောင်းရေသတိထားရန် အသိပေး

0
211

ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း(YAGI)၏ အပြင်ဘက် တိမ်တိုက်များသည် ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က ရေးသားထားသည်။

တာချီလိတ်နှင့် ရှမ်းအရှေ့ဒေသများသည်စက်တင်ဘာ ၁၀ ရက် နံနက် ၆ နာရီမှ ၁၂ ရက် နံနက် ၆ နာရီ(၄၈ နာရီအတွင်း) မိုးအလွန်များနိုင်ပြီး ၄၂၅ မီလီမီတာ = ၁၆ လက်မကျော်ကြောင်း၊ယင်းကြောင့်မယ်ဆိုင်ချောင်းရေ အထူးသတိထားရန် အသိပေးထားသည်။

YAGI မုန်တိုင်းအကြွင်းအကျန်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်လာနိုင်မည့် မုန်တိုင်းငယ်တို့၏ သက်ရောက်မှုများကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် စက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းမှစပြီး မိုးအလွန်များလာနိုင်ကြောင်း၊ရေနှင့်ပတ်သက်သည့် သဘာဝဘေးအပြင် မြေပြို/တောင်ပြိုခြင်းနှင့် တောင်ကျချောင်းရေရုတ်တရက် ကျဆင်းလာနိုင်ခြင်းကို သတိထားကြရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ချင်းပြည်နယ်တောင်ပိုင်း နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း မိုးများနိုင်ခြင်းကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ချင်းတွင်းမြစ်ရေတက်နိုင်ကြောင်း၊နေပြည်တော်၊ မိတ္ထီလာနှင့် မန္တလေးအထက်ပိုင်းတွင်မိုးအလွန်များနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောက်အရပ်သည် မိုးများမည်ကိုစိုးရိမ်ရခြင်းထက် အထက်ရှိ မြစ်ရေဆင်းလာမည်ကို စိုးရိမ်ရကြောင်း၊ဘင်္ဂလားပင်လယ်အော်ဘက်တွင် မုန်တိုင်းဖြစ်နိုင်ချေ ၂၀% သာ ရှိသော်လည်း တောင်တရုတ်ပင်လယ်နှင့် ပစိဖိတ်အနောက်မြောက်ပင်လယ်တွင် မုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်း ရှိနေကြောင်း ၊ယင်းကြောင့် မုတ်သုံဆုတ်ခွာချိန် အောက်တိုဘာလ လလယ်ပိုင်း မိုးနှောင်းကာလ ကုန်ဆုံးကာနီးချိန်အထိ ထူးခြားသည့်အခြေအနေဖြစ်နိုင်မည်ကို ဆက်လက်စောင့်ကြည့်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here