သမိုင်းသစ် တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမည်ဟု ရိုးရာ ဖိုက်တာ သန့်ဇင် ပြော

0
212

သမိုင်းသစ် တစ်ခုကို ပရိတ်သတ်နှင့်အ တူ ရေးထိုးသွားမည်ဟု ရိုးရာဖိုက်တာ သန့်ဇင်(ရှောင်လေး)က ယမန်နေ့ စက်တင်ဘာ (၇)ရက်က သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားမျှဝေထား သည်။

“ကျွန်တော့်အတွက် အစ်ကိုနှင့်ပရိတ်သတ်ရှိရင် ဘာမဆို လုပ်နိုင်တယ်။ သမိုင်းသစ်တစ်ခုကို ပရိတ်သတ်နှင့်အတူ ရေးထိုးသွားမယ်”ဟု ဆိုထားသည်။

ယခုလ စက်တင်ဘာ (၂၇)ရက်နေ့တွင် ONE က ပြုလုပ်မည့် ONE Friday Fights 81ပွဲစဉ်တွင် ကမ္ဘာ့ကစ်ဘောက်ဆင် ချနိပီယံ ဂျပန် နိုင်ငံသားတာခဲရုနှင့် ရိုးရာဖိုက်တာ သန့်ဇင် တို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ပြီးခဲ့သော ဩဂုတ်(၂၃)ရက်တွင် ONEက ပြုလုပ်သည့် One Friday Fights 76 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သန့်ဇင်နှင့် မွေထိုင်းဖိုက်တာတို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ရာ ပထမအချီတွင်ပင်ဒိုင်ပွဲရပ်ဖြင့်အနိုင်ထိုးသ-တ်ထားသည်။

“ကမ္ဘာ့အဆင့် ကစ်ဘောက်ဆင်သမားနဲ့ တန်းတည်ရလောက်အောင် တို့ရိုးရာမောင်တွေ ကမ္ဘာ့တိုက်ခိုက်ရေးစင်မြင့်အထက်မှာ လက်စွမ်းပြလို့နေကြပါပြီ”ဟု ရိုးရာလက်ဝှေ့ဖိုက်တာများအား နှင့်ပတ်သက်၍ ပရိတ်သတ်အချို့ကသုံးသပ်ပြောကြားထားသည်ကိုလည်းတွေ့ရသည်။

ယခုလ စက်တင်ဘာ (၂၇)ရက် တွင် ရိုးရာဖိုက်တာ သန့်ဇင်အပြင် ရိုးရာဖိုက်တာ သံမဏိစိုးလင်းဦးသည်လည်း ဘန်တမ်ဝိတ်တန်းတွင် ပြိုင်ဘက်ဖြစ်သူမှာ မွေထိုင်းဖိုက်တာ Nabil Anane နှင့် ထိုးသ-တ်ရမည်ဖြစ်ကာ ၊ သူ၏စတုတ္ထအကြိမ်မြောက်ပွဲစဉ်တစ်ခုလည်းဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here