သင်္ဃန်းကျွန်းမြို့နယ်၌ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် မီးခိုးမွှန်ကာအသက်ရှူကြပ်သူများရှိခဲ့

0
84

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်ညနေပိုင်းကဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် မီးခိုးမွှန်ကာအသက်ရှူကြပ်သူများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

ယနေ့ညနေ ၆ နာရီ ၄ မိနစ်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ သဇင်ပန်းလမ်းရှိ တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား၍ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

” မီးလောင်ချိန်ကသိပ်မကြာဘူးဗျ။ ၁၀ မိနစ်နီးပါးလောက်ပဲရှိတယ်။ မီးခိုးထွက်တာများတဲ့အတွက် မီးခိုးမွှန်ပြီးအသက်ရှူကြပ်သွားကြတာပါ။ စိုးရိမ်စရာမရှိပါဘူး သက်သာကြပါတယ်။ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)YRO ကမီးခိုးမွှန်ပြီးအသင်ရှူကြပ်သွားတဲ့ (၃)ယောက်ကို မြေပြင်ကုသမှုတွေလုပ်ပေးခဲ့ကြတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဉ်တွင် မီးခိုးမွှန်ကာ အသက်ရှူကြပ်သွားသူများအား လူမှုကူညီရေးအသင်းဝင်များက မီးခိုးငွေ့လွတ်ရာသို့ပြောင်းရွှေ့ပေးပြီးနောက် အသက်ရှူအောက်စီဂျင်အကူအညီပေးကာ ပြုစုကုသပေးခဲ့ကြကြောင်း သိရသည်။

Photo-YRO


LEAVE A REPLY

Please enter your comment!
Please enter your name here