ရာဂိ မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် မိုးများနိုင်၊ မယ်ဆိုင်ချောင်းရေ မြင့်တက်လာနိုင်သဖြင့် အထူးသတိထားရန်လိုဟု ဆို

0
87

ရာဂိ မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် မိုးများနိုင်ပြီး မယ်ဆိုင်ချောင်းရေ မြင့်တက်လာနိုင်သဖြင့် အထူးသတိထားရန်လိုကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ယနေ့တွင် ခန့်မှန်းသုံးသပ်ထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် မနက်ဖြန် စက်တင်ဘာ(၉) ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် မိုးအရမ်းများလာနိုင်
ကြောင်းနှင့် ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း(YAGI)၏ အပြင်ဘက် တိမ်တိုက်များမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း ဆိုသည်။

ထို့ကြောင့် တာချီလိတ်နှင့် ရှမ်းအရှေ့ဒေသများအတွင်း စက်တင်ဘာ (၁၀) ရက် နံနက် (၆) နာရီမှ (၁၂) ရက်နေ့နံနက် (၆) နာရီအထိ ၄၈ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကာ မိုးရေချိန်လက်မ (၄၂၅) မီလီမီတာ (၁၆) လက်မကျော်နိုင်ကြောင်း တွက်ချက်ပြောဆိုထားသည်။

ထို့အတူ ရာဂိမုန်တိုင်းအကြွင်းအကျန်
နှင့် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်လာနိုင်မည့် မုန်တိုင်းငယ်တို့၏ သက်ရောက်မှုများကြောင့် ယနေ့ စက်တင်ဘာ(၈)ရက်၌ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် များလာနိုင်ပြီး၊ ရေနှင့်ပတ်သက်သည့် သဘာဝဘေးအပြင် မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ တောင်ကျ ချောင်းရေရုတ်တရက် ကျဆင်းလာနိုင်ခြင်းများကို သတိပြုရန်လိုအပ်ကြောင်း နှိုးဆော်ထားသည်။

ပုံစာ -ပြီးခဲ့သော ဩဂုတ်(၂၉)ရက်က တာချီလိတ်မြို့အတွင်း ရေကြီးရေလျှံဖြစ်ပွားနေသည့်မြင်ကွင်း(ရှမ်းအရှေ့မဏ္ဍိုင်)


LEAVE A REPLY

Please enter your comment!
Please enter your name here