ဒေါ်လာဈေးနှင့်အတူ ရွှေဈေးပါကျဆင်းလာ

0
356

ယခုစက်တင်ဘာလအတွင်း ပြင်ပ​စျေးကွက်၌ဒေါ်လာလဲလှယ်နှုန်းသည်တရှိန်ထိုးကျဆင်းလာပြီး ယင်းနှင့်အတူ ရွှေဈေးပါကျဆင်းလာလျက်ရှိသည်။

ယနေ့ဒေါ်လာဈေးနှုန်းသည် တစ်ဒေါ်လာ ၅၁၅၀ အထိကျဆင်းလာသလို ရွှေဈေးနှုန်းသည်လည်း သိန်း ၈၀ ကျော်မှ ၆၆ သိန်းအထိ ကျဆင်းလာကြောင်း သိရသည်။

အလားတူ ဘတ်ငွေလဲလှယ်နှုန်း၊ ယွမ်လဲလှယ်နှုန်းသည်လည်း ကျဆင်းလာပြီး မြန်မာကျပ်ငွေပြန်မာလာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဩဂုတ်လတွင် ဈေးကစားသူများ၏ ဈေးဆွဲတင်မှုများကြောင့် ဒေါ်လာဈေးနှုန်းသည် စံချိန်တင်အမြင့်ဆုံးသို့ မြင့်တက်ခဲ့ကြောင်း၊ယင်းကြောင့် ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများကို ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန် ထုတ်ရောင်းပေးခဲ့ရာ ဒေါ်လာ ၁၉၃.၉ သန်းကို ရောင်းချပေးခဲ့ပြီးဖြစ်ကာ ယခုစက်တင်ဘာလ ပထမအပတ်တွင်လည်း ဒေါ်လာ ၂၂ ဒသမ ၂ သန်း၊ ၊ တရုတ်ယွမ် ၄ သန်းနှင့် ထိုင်းဘတ် ၄၅ သန်းကျော်ကို ရောင်းချပေးထားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၅၀၀ အောက်သို့ ပြန်ကျဆင်းလာမှုတို့ကြောင့် ဩဂုတ်လအတွင်း ကျပ်သိန်း ၈၀ ကျော်ထိ မြင့်တက်ထားသည့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆၆ သိန်းသို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

တက်သွားသည့် ဒေါ်လာ နှင့်ရွှေစျေးကျလာသော်လည်း အခြားတက်ကုန်စျေးများ သိသာစွာပြန်လည်မကျသေးသည်ကိုလည်း ကုန်သည်အပေါင်းက ပြည်သူများကို စာနာညှာတာ စေချင်ကြောင်း အသံများထွက်ပေါ်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here