ငွေကျပ် သိန်း(၂)သောင်းကျော် ကုန်ကျခံပြီး ဆွမ်းဦးပုညရှင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုမည်

0
55

စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူ ပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဉ္စယံ အထိ ၉” ပတ်လည် ကြေးပြားအချပ်ရေပေါင်း ၂၂ ၇၀၀ ချပ်ခန့်နှင့် ၂” ပတ်လည်ရွှေဆိုင်း ၆၀၀၀ ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော်ကုန်ကျခံကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး(ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲကို စက်တင်ဘာလ (၇) ရက်၊ နံနက်ပိုင်းက ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ဆွမ်းဦးပုညရှင် စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရမှ အလှူငွေကျပ် သိန်း (၁၀၀၀) ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း (၅၀၀) မတည်လှူဒါန်းကြောင်း သိရသည်။

အလှူတော်ငွေ ပေးအပ်ပွဲတွင် ငွေကျပ် (၁၀) သိန်း နှင့် အထက် လှူဒါန်းသူ (၆၀) ဦး၊ ငွေကျပ် (၁၀) သိန်းအောက်၊ လှူဒါန်းသူ (၁၄၆) ဦး၊ ငွေကျပ် (၂၅၀၀၀၀) လှူဒါန်းသူ (၁၀၇) ဦးနှင့် ယနေ့ပထမအကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်စုစု ပေါင်း (၃၁၃) ဦးမှ ငွေကျပ် ၄၇၆,၂၈၂,၇၀၀(ငွေကျပ် သိန်းပေါင်းလေးထောင့်ခုနှစ်ရာ ခြောက် ဆယ်နှစ်သိန်း ရှစ်သောင်းနှစ်ထောင်ခုနှစ်ရာတိတိ)လှူဒါန်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here