တရုတ်နှင့် ရုရှားနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ယခုလအတွင်း ပြုလုပ်မည်

0
94

ယခုလအတွင်းတွင် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ယနေ့ တနင်္လာနေ့(စက်တင်ဘာ ၉ ရက်)တွင် ပြောကြားခဲ့သည်။

ယခုပြုလုပ်မည့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်နှင့် ရုရှားကမ်းရိုးတန်းအနီး Okhotsk ပင်လယ်တစ်ဝိုက်တွင်ပြုလုပ်မည်ဖြစ်ပြီး ရေတပ်နှင့် လေတပ်များလည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ဒီလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်တွေကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို နက်ရှိုင်းစေဖို့အတွက် ရည်ရွယ်ပြီး လုံခြုံရေး ခြိမ်းခြောက်မှုတွေကို ပူးတွဲကိုင်တွယ်ဖြေရှင်းနိုင်မှု တိုးမြှင့်ဖို့ ရည်ရွယ်ပါတယ်” ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံပူးတွဲရေကြောင်းကင်းလှည့်ရန်အတွက် “ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သက်ဆိုင်ရာပင်လယ်ဒေသများ” သို့ ရေတပ်သင်္ဘောများ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် ရက်ကိုမူ ဝန်ကြီးဌာနက အတိအကျ မပြောသေးချေ။


LEAVE A REPLY

Please enter your comment!
Please enter your name here