မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ဆောင်းခိုငှက်မျိုးစိတ်သစ် (၁၀) မျိုး တွေ့ရှိ

0
59

မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ နှစ်အထိ (၄) နှစ်တာကာလအတွင်း မှတ်တမ်းမဝင်သေးသော ငှက်မျိုးစိတ်သစ် (၁၀) မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းမိုးယွန်းကြီးအင်းဘေးမဲ့တောသို့ ဆောင်းရာသီကာလအတွင်း နိုင်ငံတကာက ပျံသန်းရောက်ရှိလာကြပြီး နားခိုကြသည့်ငှက်များအပြင် ဌာနေငှက်များလည်း ရှိပေရာ လအလိုက်၊ နှစ်အလိုက် လေ့လာစေ့ငုချက်အရ ငှက်မျိုးစိတ်သစ် (၁၀) မျိုးကို လေ့လာတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငှက်မျိုးသစ် (၁၀) မျိုးမှာ လက်ရှိအနေအထားတွင် အင်္ဂလိပ်အမည်များဖြင့်သာ မှတ်တမ်းတင်ထားနိုင်ပြီး အကြမ်းအားဖြင့် ဂေါ်ပြားနှုတ်သီး (Northern Shoveler)၊ ဒေါင်းလန်းခြေထောက် (White-headed Stilt)၊ Red-Breasted Mergansar၊ စင်ရော်(Heuglin’s Gull)၊ ငှက်နှုတ်သီးလန် (Pied Avocet)၊ Short-tailed Shearwater-Ardenna tenuirostris၊ မြစ်တွေး (Caspian Tern)၊ ကြိုးကြာခေါင်းမည်း (Common-Crane) တို့ ဖြစ်ကြောင်း သိရသည်။

မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် တရားဝင်ကြေညာခဲ့ပြီး ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ ပျော်စံကြရာ ဒေသအဖြစ် ဧရိယာ စတုရန်းမိုင် ၄၀ (ဧက ၂၅၆၀၀) ကို လွှမ်းခြုံထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here