မန္တလေးရှိ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓ-ားပြတိုက်ခံရ

0
102

ယနေ့ စက်တင်ဘာ (၁၀)ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်နေ အိမ်ကို ‌ေ-သနတ်များ ကိုင်ဆောင်ထားသည့် လူတစ်စုမှ ဝင်ရောက် ဓ-ားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်သည် ၎င်း၏ နေအိမ်မှ မန္တလေးမြို့တွင်းသို့ ရွှေဆိုင်သွားဖွင့်ရန် ရွှေထည်ပစ္စည်းများသယ်ဆောင်နေစဉ် ထိုကဲ့သို့ ဓ-ားပြတိုက်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် လုယက်သူများ လုယူသွားသည့် ရွှေထည်ပစ္စည်းတန်ဖိုးကိုမူ အတိအကျ မသိရှိရသေးသော်လည်း ရွှေထည် ပိဿာချိန် (၁၀) ပိဿာ ဝန်းကျင်ရှိနိုင်ကြောင်း ကနဦးသတင်းများအရ သိရသည်။

“လမ်းဆုံမှာ ရဲတွေ စစ်သားတွေ တွေ့တယ်၊ အဲကိစ္စနဲ့ ဆိုင်မလား မသိဘူးနော်” ဟု ၂၅လမ်းနေ မန္တလေးမြို့ခံ အမျိုးသမီးတဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ “ချောင်ချောင်” ရွှေဆိုင်သည် ပထမတစ်ကြိမ် ဓ-ားပြတိုက်ခံရဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်းကလည်း မန္တလေးမြို့ရှိ “ဆယ်သန်း”ရွှေဆိုင်၊ “ပေါ်ဦး”ရွှေဆိုင်၊ “အောင်”ရွှေဆိုင်တို့ အပါအဝင် ရွှေဆိုင်အချို့ ဓ-ားပြတိုက် လုယက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် မန္တလေးတွင် ညပိုင်းများတွင် ဆိုင်ကယ်လုယက်ခြင်း၊ ဖုန်းနှင့် ငွေကြေး ၊ လက်ဝတ်ရတနာများ လုယက်ခံရခြင်းများလည်း အဖြစ်များလျက်ရှိနေကြောင်း အထက်ပါအမျိုးသမီးကပင် ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here