မဲဆောက်တွင် ဟင်းသီးဟင်းရွက်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘတ်သန်း (၅၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

0
85

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ဟွေယဥ ကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် ဘတ်သန်း (၅၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဟင်းသီးဟင်းရွက်များဖြင့် ဖုံးအုပ်ကာ သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ယမန်နေ့ စက်တင်ဘာ (၉)ရက်တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများတွင် ICE မူးယစ်ဆေးဝါး (၇၅၀) ကီလိုဂရမ်နှင့်၊ Ketamine မူးယစ်ဆေးဝါး (၅၄၀) ကီလိုဂရမ် ပါဝင်ပြီး ၊ ကာလတန်ဖိုး ဘတ် (၅၄၅)သန်းရှိနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ခန့်မှန်းထားသည်ဟု မြဝတီ-မဲဆောက် မီဒီယာ၏ ရေးသားဖော်ပြချက်အရ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများသည် ထိုင်း- မြန်မာ နယ်စပ်၊ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ၊ ဖိုးဖမြို့ဘက်သို့ ဝင်ရောက်လာသည့် ပစ္စည်းများဖြစ်နိုင်သည်ဟုလည်း ထိုင်းရဲတပ်ဖွဲ့က ယူဆထားကြောင်း ဆိုသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ထိုင်းနိုင်ငံသားအား ဖဝေါရဲစခန်းတွင် ဖမ်းဆီးထားပြီး ထိုင်းဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီ-မဲဆောက် မီဒီယာက ဖော်ပြထားသည်။

ဓာတ်ပုံ-(မြဝတီ-မဲဆောက် မီဒီယာ)


LEAVE A REPLY

Please enter your comment!
Please enter your name here