ဖိလစ်ပိုင်နှင့် ဆက်ဆံရေး လမ်းဆုံလမ်းခွ ရောက်နေ–တရုတ်

0
102

တောင်တရုတ်ပင်လယ်အရေး တင်းမာနေချိန်တွင် “ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လမ်းဆုံလမ်းခွအနေအထားတစ်ခုတွင် ဆက်ဆံရေး၏ အနာဂတ်ကို အလေးအနက်ထားစဉ်းစားဖို့ရန် တရုတ်က တောင်းဆိုသည်” ဟု တနင်္လာနေ့ထုတ် အာဏာရ ကွန်မြူနစ်ပါတီ၏ People’s Daily သတင်းစာ မှတ်သားဖွယ်စကားကဏ္ဍတွင် ဖော်ပြသွားခဲ့သည်။

တရုတ်နှင့် ဖိလစ်ပိုင်တို့သည် မကြာခင်လများအတွင်း အငြင်းပွား ရေလမ်းကြောင်း၌ နှစ်ဖက် ကမ်းရိုးတန်းစောင့်တပ်များသည် ရည်ရွယ်ချက်ရှိရှိ တိုက်မိခဲ့ကြမှုနှင့် ပတ်သက်၍ အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ ယင်းဖြစ်စဉ်များတွင် ဖိလစ်ပိုင် ရေတပ်သားတစ်ဦး လက်ချောင်းပြ–တ်ခဲ့ရသည့် ဇွန်လအတွင်းက တိုက်ခိုက်မှုလည်း ပါဝင်သည်။

အဆိုပါ အဖြစ်အပျက်များသည် ရေပိုင်နက်အငြင်းပွားမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက် ဆက်သွယ်ရေးလမ်းကြောင်းအသစ်များ ကို ထူထောင်ရန်အပါအဝင် ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲရန် နှစ်နိုင်ငံစလုံး၏ ကြိုးပမ်းမှုများအပေါ် အကျိုးသက်ရောက်ခဲ့သည်။

“တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးက လမ်းဆုံလမ်းခွမှာရှိနေပြီး ဘယ်လမ်းလိုက်မလဲဆိုတာ ရွေးရမယ့် အခြေဆိုက်နေပါတယ်၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကနေသွားရင်တော့ ပဋိပက္ခကနေ လွတ်လမ်းမရှိတာမလို့တွေ့ဆုံဆွေးနွေးတာနဲ့ ညှိနှိုင်းတာဟာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ပါတယ်” ဟု သတင်းစာ၏ မှတ်သားဖွယ် စကား တွင်ဖော်ပြခဲ့သည်။

“မနီလာအနေဖြင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ၏ အနာဂတ်ကို အလေးအနက်ထား စဉ်းစားပြီး နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းပေါ် ပြန်ရောက်စေဖို့ရာ တရုတ်နဲ့ လက်တွဲဆောင်ရွက်သင့်တယ်” ဟု ဆက်လက်ရေးသားခဲ့သည်။

မှတ်သားဖွယ်စကားကို တရုတ်အသံဟု အဓိပ္ပါယ်ရသော Zhong Sheng ကလောင်အမည်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းသည် နိုင်ငံခြားရေးရာ မူဝါဒ များနှင့် ပတ်သက်၍ သတင်းစာ၏ အမြင်ကို ဖော်ပြရာတွင် မကြာခဏ အသုံးပြုလေ့ရှိသော အမည်ဖြစ်သည်။

Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here