အိန္ဒိယ၌ ပထမဆုံးမျောက်ကျောက်လူနာတွေ့ရှိ

0
61
Passengers walk past the mpox awareness banner at Anna International Airport terminal in Chennai on August 21, 2024. (Photo by R.Satish BABU / AFP)

နူးဒေလီ၊စက်တင်ဘာ ၉

အိန္ဒိယအစိုးရက စက်တင်ဘာလ ၉ ရက်တွင် နိုင်ငံတွင်း၌ မျောက်ကျောက်အတည်ပြုလူနာတွေ့ရှိခဲ့ရကြောင်းပြောကြားခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုများအရ အဆိုပါလူနာ၌ အနောက်အာဖရိကမှ clade 2 အမျိုးအစားဗိုင်းရပ်စ် ရှိနေကြောင်းသိရခဲ့သည်ဟုဖော်ပြထားသည်။

သို့သော်ယခုတွေ့ရှိရသည့် မျောက်ကျောက်အမျိုးအစားသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ခံထားရသည့်အမျိုးအစားတွင် မပါဝင်ကြောင်းလအိန္ဒိယကပြောကြားခဲ့သည်။

ယခုရောဂါသည် ၂၀၂၂ ခုနှစ်ဇူလိုင်လတွင် တွေ့ရှိခဲ့သည့် အစောပိုင်းကာလဖြစ်ပွားမှုအ‌ယောက် ၃၀ နှင့်ဆင်တူပြီး လက်ရှိပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ထားသည့် clade 1 အမျိုးအစားမဟုတ် ဟုဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုလူနာသည် မျောက်ကျောက်ကူးစက်မှု ကြုံတွေ့နေရသောနိုင်ငံမှ မကြာသေးမီကမှ ထွက်ခွာလာသူဖြစ်ပြီးလက်ရှိတွင် သတ်မှတ်ထားသည့် ကွာရန်တင်းစင်တာ၌ဆေးကုသမှုခံယူနေပြီး အခြေအနေတည်ငြိမ်နေကာ ဖျားနာမှုနှင့်အခြားလက္ခဏာများမရှိဟု သိရသည်။

ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်စေရန် ၎င်းအမျိုးသားသွားရောက်နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်နှင့် အဆက်အသွယ်လုပ်ခဲ့သူများကို ခြေရာခံစောင့်ကြည့်ခြင်းများကို တိတိကျကျလုပ်ဆောင်ထားကြောင်းကို ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။

အသေအချာ ဂရုတစိုက်ဆောင်ရွက်ထားသဖြင့် ယခုလက်ရှိအနေအထားအရ အများပြည်သူထံ ကူးစက်ပျံ့နှံ့နိုင်သည့်အနေအထားမျိုးမရှိသဖြင့် စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here