AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် MIU FC အသင်းဗိုလ်စွဲ

0
50

AYA Pay Futsal Championship 2024 ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ယမန်နေ့ စက်တင်ဘာ (၉) ရက်က ကျင်းပခဲ့ရာ MIU FC အသင်းက ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့သော MIU FC အသင်းမှ မိုင်စိုးမြတ်ထွေးကို ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင် က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်း ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲ၏ အကောင်းဆုံး ကစား သ မားဆုရရှိသော MIU FC အသင်းမှ မျိုးသက်အောင်ကိုဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီ ဦးသီဟစည်သူက အမှ တ်တရ ဆုနှင့် ဆုကြေးငွေကျပ် (၃) သိန်းကို ပေးအပ်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲ၏ စတုတ္ထဆုရရှိသော Pyae Sone FC အသင်းကို ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းအောင်က ဆုကြေးငွေကျပ် (၁၅) သိန်းကို ပေးအပ်ခဲ့ပြီး ပြိုင်ပွဲ၏ တတိယဆု ရရှိသော VUC FC အသင်းကို ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်အောင်က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး‌ငွေကျပ် (၂၅) သိန်းကို ပေးအပ်ခဲ့ပြီး ဒုတိယဆု ရရှိသော Winner Soccer FC အသင်းကို ဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက် က တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဆုကြေး‌ငွေကျပ် သိန်း (၅၀) ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

AYA Pay Futsal Championship ပြိုင်ပွဲ ပထမဆု ရရှိခဲ့သည့် MIU FC အသင်းကို ဖူဆယ်နှင့် သဲသောင်ပြင် လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက တစ်ဦးချင်းဆုများနှင့် ဆု ကြေးငွေ ကျပ် (၇၅)သိန်းကို ပေးအပ်ခဲ့ပြီး၊ ချန်ပီယံ ဆုဖ လားအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦး ထိပ်ခွန်နောင်မြင့်ဝေက ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here