အိန္ဒိယမှ ဆရာဝန်အတုတစ်ဦးက YouTube ဗီဒီယိုများကိုကြည့်ပြီးခွဲစိပ်သဖြင့် ဆယ်ကျော်သက်တစ်ဦး ‌ေ-သဆုံးခဲ့

0
130

အိန္ဒိယနိုင်ငံမှ ဘီဟာပြည်နယ်ဆရာဝန်အတုတစ်ဦးသည် YouTube ဗီဒီယိုများကိုကြည့်၍ အသက် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ သည်းခြေအိတ်ထဲမှ ကျောက်တစ်ခုကို ဖယ်ရှားရန် ခွဲစိတ်ခဲ့ရာ ထိုလူငယ် ‌ေ-သဆုံးသွားခဲ့သည်။ ထိုသို့ခွဲစိပ်မှုပြုလုပ်ပြီးနောက် ယင်းလူငယ်၏ အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ အဆိုပါ’ဆရာဝန်’အတု သည် ၎င်းအား ပြည်နယ်၏ မြို့တော်ဖြစ်သော ပဌနာမြို့ရှိ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ရန် လူနာတင်ယာဉ်ခေါ်ကာ ပို့ဆောင်ပေးခဲ့သော်လည်း လူနာသည် လမ်းခုလတ်တွင်ပင် ‌ေ-သဆုံးသွားသဖြင့် ‘ဆရာဝန်’အတုနှင့် အပေါင်းပါများသည် အလော-င်းကို ဆေးရုံတွင် ထားခဲ့ကာ ထွက်ပြေးသွားခဲ့ကြောင်း ‌ေ-သဆုံးသူ၏ မိသားစုဝင်များက ပြောသည်။

‌ေ-သဆုံးသူ ကရှစ်ရှနာကူးမား သည် အကြိမ်များစွာ အော့အန်ပြီးသဖြင့် သူ့မိသားစုက အဆိုပါဆရာဝန်အတုရှိရာ ဆေးကုဌာနသို့ ခေါ်ဆောင်သွားခဲ့ကြခြင်းဖြစ်သည်။ “အဲဒီကိုရောက်ပြီး မကြာခင်မှာ အော့အန်တာ ရပ်သွားတယ်။ ဒါပေမယ့် ဆရာဝန်ဆိုတဲ့ အာဂျစ်ကူးမားပူရီ က သူ့ကို ခွဲစိတ်ဖို့ လိုတယ်လို့ ပြောပါတယ်။ YouTube ပေါ်က ဗီဒီယိုတွေ ကြည့်ပြီး ခွဲစိတ်မှု လုပ်ခဲ့တယ်။ သားက နောက်ပိုင်းမှာ ‌ေ-သဆုံးသွားခဲ့ပါတယ်” ဟု သူ၏ မိခင်က ပြောသည်။

‘ဆရာဝန်’အတုတွင် သင့်လျော်သည့် အရည်အချင်း ရှိမရှိ မသိခဲ့သလို ခွဲစိပ်ရန် သဘောတူညီမှုလည်း မိမိတို့ထံမှ မတောင်းဆိုခဲ့ကြောင်း မိသားစုဝင်များကဝန်ခံသည်။

ရဲတပ်ဖွဲ့က ယင်းအမှုကို မှတ်ပုံတင်ထားပြီး အလေ-ာင်းကို ခွဲစိပ်စစ်ဆေးရန် သက်ဆိုင်ရာသို့ ပေးပို့ထားသည်။ ဆရာဝန်အတုနှင့် အပေါင်းပါများကိုလည်း ခြေရာခံရန် ကြိုးပမ်းစုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here