ရုရှားဒရုန်းများ လေပိုင်နက်ထဲ ဝင်ရောက်မှု ဥရောပနိုင်ငံများကို သတိပေးတပ်လှန့်

0
96

ရုရှားပိုင် ဒရုန်းများသည် ၎င်းတို့၏ ဝေဟင်ပိုင်နက်အသီးသီးသို့ ဝင်ရောက်ခဲ့သည်ဟု လတ်ဗီးယားနှင့် ရိုမေးနီးယားစစ်တပ်တို့က သတင်းပို့ခဲ့သဖြင့် ဘောလ်တစ်နိုင်ငံများအနေဖြင့် လုံခြုံရေး ကို မြှင့်တင်ထားရန် တပ်လှန့် ခဲ့သည်။

စနေနေ့က လတ်ဗီးယားနိုင်ငံ Rezekne ဒေသတွင် လူမဲ့လေယာဉ်တစ်စင်း ပျ-က်ကျခဲ့သည်ဟု လတ်ဗီးယား ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ရုရှား စစ်ဘက်ဒရုန်းတစ်စင်းဖြစ်ကြောင်း ကနဦးအချက်အလက်များကို ကိုးကား၍ ပြောဆိုခဲ့သည်။ ပျ-က်ကျသွားသော ဒရုန်းသည် ဘီလာရုစ်နိုင်ငံဘက်မှ လတ်ဗီးယားဝေဟင်အတွင်း ဝင်ရောက်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံေတာ် လက်နက်ကိုင်တပ်ဖွဲ့(NBS) က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရုရှားသံရုံးမှ တာဝန်ရှိသူတစ်ဦးကို တနင်္လာနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့သည်ဟု လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး Baiba Braze က ပြောသည်။

ယင်း အခြေအနေသည် လေကြောင်းကာကွယ်ရေးစွမ်းရည်များနှင့် အီလက်ထရောနစ်စစ်ပွဲဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်စေရေးအပါအဝင် နိုင်ငံ၏ အရှေ့ပိုင်းနယ်စပ်ကို အားကောင်းရန်လိုအပ်ကြောင်း ကို ေသခြာေစခဲ့သည်ဟု လတ်ဗီးယား ကာကွယ်ရေးဝန်ကြီး Andris Spruds က ဆိုခဲ့သည်။

ထို့အတူ ရိုမေးနီးယားစစ်တပ်ကလည်း ၎င်း၏ ရေဒါစနစ်များပေါ်တွင် ရုရှားဒရုန်းတစ်စင်းကို တွေ့ရှိခဲ့သည်ဟု စနေနေ့တွင် ပြောကြားခဲ့သည်။ အခြေအနေကို စောင့်ကြည့်ရန်နှင့် ရိုမေးနီးယား ဝေဟင်ပိုင်နက်အတွင်းမှ ဒရုန်း ထွက်ခွာသွားသည်အထိ လိုက်လံခြေရာခံရန် ရိုမေးနီးယားလေတပ်က တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာက ဖော်ပြသည်။

ကနဦး အစီရင်ခံချက်များအရ ဒရုန်းသည် ရိုမေးနီးယားအရှေ့ပိုင်းရှိ Periprava မြို့အနီး လူသူမနီးသော နယ်မြေ တစ်ခုတွင် ပျက်-ကျသွားသည်ဟု ယူဆခဲ့ပြီး ရိုမေးနီးယား ကာကွယ်ရေးတပ်ဖွဲ့က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံအတွင်းသို့ ဒရုန်းဝင်ရောက်ခဲ့သည်ဟူသော သတင်းကြောင့် လစ်သူယေးနီးယား သမ္မတ Gitanas Nauseda က ဘောလ်တစ်နိုင်ငံများတွင် လေကြောင်းရန်ကာကွယ်ရေးကိုကို တိုးမြှင့် ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်ဟု Baltic News Service က တနင်္လာနေ့တွင် သတင်းဖော်ပြသည်။

Ref: ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here