သြစတြေးလျမှာ ကလေ-းတွေ ဆိုရှယ်မီဒီယာ မသုံးရေး ဥပဒေပြဋ္ဌာန်းမည်
 
ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်လာနိုင်သော အန္တရာယ်ကြောင့် ကလေ-းငယ်များကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ အသုံးပြုခြင်းမှ တားမြစ်သွားမည့် ဥပဒေတစ်ရပ်ကို ယခုနှစ်အတွင်း ပြဋ္ဌာန်းသွားရန် စီစဉ်နေသည်ဟု သြစတြေးလျအစိုးရက အင်္ဂါနေ့(စက်တင်ဘာ ၁၀) တွင် ပြောကြားလိုက်သည်။

0
90

ဗဟိုလက်ဝဲအစိုးရအနေဖြင့် လာမည့်လအနည်းငယ်အတွင်း အသက်စစ်ဆေးခြင်း စမ်းသပ်မှုကို စတင်သွားမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘန်နိစ် က ပြောသည်။

“ကလေ-းတွေ သူတို့ ရဲ့ဖုန်းတွေ၊ လက်တော့ပ်တွေကို ပိတ်ပြီး ကစားကွင်းတွေ၊ ရေကူးကန်တွေနဲ့ တင်းနစ်ကွင်းတွေမှာရှိနေတာ ကျနော် မြင်လိုပါတယ်။ ဆိုရှယ်မီဒီယာက လူမှုဆိုင်ရာ ထိခိုက်နစ်နာမှုတွေဖြစ်စေတာကို သိတာကြောင့် လူအစစ်တွေနဲ့ အတွေ့အကြုံအစစ်တွေ သူတို့ကို ရစေချင်ပါတယ်” ဟု အယ်ဘန်နိစ် က နိုင်ငံ့အသံလွှင့်ဋ္ဌာန အေဘီစီနူးစ် ကို ပြောဆိုသည်။

တားမြစ်ချက်နှင့် ပတ်သက်၍ အသက်အရွယ်ကန့်သတ်ချက်ကို သူက အတိအကျ မပြောခဲ့သော်လည်း ၁၄ နှစ်နှင့် ၁၆ အကြား အပိုင်းအခြားကို မျှော်မှန်းထားသည်ဟု ပြောဆိုခဲ့သည်။

ကလေ-းများ၏ စိတ်ကျန်းမာရေးအပေါ် ဆိုက်ဘာ အနိုင်ကျင့်မှု၏ သက်ရောက်မှုများနှင့် ဆိုရှယ်မီဒီယာပေါ်တွင် သူတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့် အဆိုပါ အကြောင်းအရာများကို အလွယ်တကူ ထိတွေ့ခွင့်ရနေခြင်းကို စိုးရိမ်ကြောင်းလည်း ၅ယ်လ်ဘန်နိစ် က ပြောသည်။

ညစ်ညမ်းရုပ်ပုံစာပေနှင့် အခြား မသင့်လျော်သောအကြောင်းအရာများကို ကလေ-းငယ်များ ဝင်ရောက်ကြည့်ရှု့ခြင်းမှ မည်သို့ တားဆီးမည်ဆိုသည်ကို အသေးစိတ်ဖော်ပြနိုင်ရမည့် ခိုင်လုံသော ကုဒ်တစ်ခု ထုတ်ပေးရန် ဇူလိုင်လတွင် အင်တာနက်ကုမ္ပဏီများကို သြစတြေးလျ၏ eSafety ထိန်းကွပ်ရေးအဖွဲ့က တောင်းဆိုခဲ့ပြီးနောက် ယခု ဥပဒေပြဋ္ဌာန်းမည့် အစီအစဉ် ထုတ်ပြန်လာခြင်းဖြစ်သည်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here