ရွက်ဖျန်းအားဆေးရည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် မြန်မာ-ရုရှား နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုး

0
127

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၌ ရွက်ဖျန်းအားဆေးရည်ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ (MoC)ကို စက်တင်ဘာ ၄ ရက်က မြန်မာ-ရုရှား နှစ်နိုင်ငံမှ တာဝန်ရှိသူများလက်မှတ်ရေးထိုး‌ခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်နေစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ MoC အရ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် Fund RC -Investments တို့အကြား ပထမ
အဆင့်အနေဖြင့် ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်ခြင်းလျာထားလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် သဘာဝမြေဩဇာစက်ရုံ ဆက်လက်တည်ဆောက်သွားမည်ဟု သိရသည်။

ထို သဘာဝမြေဩဇာ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့် စက်ရုံကို နေပြည်တော် ကောင်စီနယ်မြေတွင် တည်ဆောက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် နိုင်ငံ၏ ဓာတ်မြေသြဇာလိုအပ်ချက်ကြောင့် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပမှ တန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းရန်စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here