တိုက်ဖွန်းယာဂီကြောင့် ဗီယက်နမ်၌ လူ ၈၀ ထက်မနည်း‌ေ-သဆုံး

0
53
This aerial picture shows flooded streets and buildings in Thai Nguyen on September 10, 2024, a few days after Super Typhoon Yagi hit northern Vietnam. - Emergency workers raced to evacuate thousands of people from severe floods after Typhoon Yagi swept through northern Vietnam, killing 63 people and leaving 40 others missing. (Photo by Xuan Quang / AFP)

ဟနွိုင်း၊စက်တင်ဘာ ၁၀

ဗီယက်နမ်၌ မြို့‌တော်ဟနွိုင်းအပါအဝင် နိုင်ငံမြောက်ပိုင်းဒေသများတွင် တိုက်ဖွန်းယာဂီ၏နောက်ဆက်တွဲအနေဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ‌ေ-သဆုံးမှုများလည်းထပ်တိုးလာခဲ့သည်။

ယာဂီနောက်ဆက်တွဲအနေဖြင့် ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ‌ေ-သဆုံးသူ ၈၂ ဦးအထိရှိလာပြီး ၆၄ ဦးပျောက်ဆုံးနေသေးသည်ဟု သဘာဝဘေးစီမံခန့်ခွဲရေး ဌာနကပြောကြားခဲ့သည်။

အများစုသည် ရေကြီးမြေပြိုမှုများကြောင့်‌ေ-သဆုံးရခြင်းဖြစ်ပြီး ၇၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်းသိရသည်။ယာဂီကို ယခုနှစ်အတွက် အကြီးဆုံးမုန်တိုင်းအဖြစ်သတ်မှတ်ထားသည်။ ယာဂီကြောင့် ဗီယက်နမ်၌ တံတားများ၊အဆောက်အအုံများနှင့်စက်ရုံ အလုပ်ရုံများပျက်စီးခဲ့ကြောင်းသိရသည်။

ရေကြီးရေလျှံမှု၏ဒဏ်ကို အဓိကခံရသည့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကို လုပ်ဆောင်ရန်အတွက် တပ်မတော်သား ၄,၆၀၀ ထက်မနည်းကိုတပ်ဖြန့်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။

ရေကြီးရေလျှံမှုကြောင့် အနှစ် ၃၀ သက်တမ်းရှိသည့် တံတားတစ်စင်းလည်းကျိုးကျပျက်စီးခဲ့ပြီး တံတားပေါ်ရှိ ယာဉ်အချို့လည်း တံတားကျိုးသည့်အထဲပါဝင်သွားကြောင်းသိရသည်။

ယာဂီမုန်တိုင်းသည် ဗီယက်နမ်သို့မဝင်မီ ဖိလစ်ပိုင်နှင့်တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းများသို့လည်း ဝင်‌တိုက်ခတ်ခဲ့သေးကာ ၎င်းနိုင်ငံများတွင်လည်း လူပေါင်း ၂၄ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြကြောင်းသိရသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here