ရွှေ့ဆိုင်းခဲ့သည့် ရတနာပုံအသင်းနှင့် ISPE အ သင်းတို့ပွဲစဥ်အား စက်တင်ဘာ ၂၆ ရက်တွင်ပြန်ကစားမည်

0
53

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ Week-9 ပွဲစဥ်အဖြစ် ရတနာပုံအသင်းနှင့် ISPE အသင်းတို့ စက်တင်ဘာ ၆ ရက်ညနေပိုင်းက YUSC ကွင်း၌ယှဥ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ရာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ပထမပိုင်းပြီး၍ ဒုတိယပိုင်းအဖြစ်ယှဥ်ပြိုင်ကစားရန် မိနစ် ၃၀ ခန့်စောင့်ဆိုင်းခဲ့သော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေခြင်း၊ ကွင်းအတွင်းရေဝပ်မှုများပြားခြင်း၊ ဆက်လက်ယှဉ်ပြိုင်ကစားရန်လုံလောက်သော အလင်း ရောင်မရရှိခြင်းတို့ကြောင့် တာဝန်ကျပြိုင်ပွဲကြီးကြပ်၊ ကွင်းလယ်ဒိုင်၊ ဒိုင်ကြီးကြပ်၊ နှစ်ဖက်အသင်းတာဝန်ရှိသူများညှိနှိုင်း၍ ပထမပိုင်းရလဒ်ဖြစ်သော ၁ ဂိုး ၁ ဂိုး ဖြင့်ပြိုင်ပွဲအားရပ်တန့်ခဲ့ကြသည်။

ထို့ကြောင့် ပွဲစဥ်၏ ဒုတိယပိုင်းအား ဆက်လက်ယှဥ်ပြိုင်ကစားမည့်ရက်ကို အသင်းတာဝန်ရှိသူ များညှိနှိုင်းကာ လာမည့် စက်တင်ဘာ ၂၆ ရက်၌ ပြန်လည်ကျင်းပသွားရန် သဘောတူညီခဲ့ကြသည်။

ပြိုင်ပွဲပြန်လည်ကျင်းပချိန်တွင် စက်တင်ဘာ ၆ ရက်ကယှဥ်ပြိုင်ခဲ့သော ပွဲထွက်လူစာရင်းနှင့် အရန်လူစာရင်းအတိုင်းသာ ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ယင်းနေ့က ကွင်းအတွင်းလာရောက်ကြည့်ရှုခဲ့သော ပရိသတ်များအနေဖြင့်လည်း လက်မှတ်များကိုပြန်လည်ပြသကာ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here