မြန်မာပြည်တောင်ပိုင်းရှိ မြစ်ရေများ မြင့်တက်လာမည်ဟု မိုး/ဇလ သတိပေး

0
62

မြန်မာပြည်တောင်ပိုင်းဒေသ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဘီးလင်းမြစ်ရေ၊ သံလွင်မြစ်ရေနှင့် သောင်ရင်းမြစ်ရေတို့သည် လာမည့်ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်နှင့် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။

ယနေ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံများ ဖြစ်ပွားနေသည့်အချိန် တောင်ပိုင်းဒေသရှိ မြစ်ချောင်းများ စိုးရိမ်ရေမှတ်အဆင့်သို့ ရောက်ရှိနို င်ကြောင်း နှိုးဆော်ထားခြင်းဖြစ်သည်။

မိုး/ဇလ၏ စက်တင်ဘာ(၁၀)ရက် မွန်လွဲပိုင်းအချိန်တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၃၃ ဒဿမ ၅၃ ပေ(၁၀၂၂ စင်တီမီတာ)အောက် နှစ်ပေခ န့် (၅၈ စင်တီမီတာ)တွင် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။

ထို့အတူ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့၏ စိုးရိမ်ရေ မှတ် ၂၄ ဒဿမ ၆၁ ပေ(၇၅၀ စင်တီမီတာ)အောက် တစ်ပေကျော် (၃၅ စင်တီမီတာ)တွင် ရောက်ရှိနေပြီး၊ နောက်နှစ်ရက်အတွင်း အဆိုပါမြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သတိပေးထားသည်။

ယင်းအပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ သောင်ရင်းမြစ်ရေသည်လည်း ၃၁ဒဿမ ၅၉ပေ(၉၆၃စင်တီမီတာ) အထက်သို့ နှစ်ပေကျော်လွန်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အ တွင် နှစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်သည်ဟု မိုးဇ/လ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ယင်းမြို့များ၏ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် နှိုးဆော်ထားသည်။

Photo ဘီဝမ်း , cj


LEAVE A REPLY

Please enter your comment!
Please enter your name here