တရုတ်-မြန်မာ ကျန်းမာရေးကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်

0
50

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က ၎င်းတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း တရုတ် – မြန်မာ ကျန်းမာရေးကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် စက်တင်ဘာလ (၁၀) ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် ပြောသည်။

နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ ကျန်းမာရေးကဏ္ဍ ပူးပေါ င်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကာ သံအမတ်ကြီး Ms. Ma Jia က ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေကြောင်း၊ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တရုတ် – မြန်မာ ကျန်းမာရေးကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ် – မြန်မာ အေးအတူပူ အမျှအသိုက်အဝန်း တည်ဆောက်မှုကို ဖော်ဆောင်သွားလိုကြောင်း ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကလည်းသံအ မတ်ကြီး Ms. Ma Jia မြန်မာနိုင်ငံ၌ စတင်တာဝန်ထမ်းဆော င်မှုကို ကြိုဆိုကာ တရုတ်နိုင်ငံဘက်က ကာလကြာရှည်စွာ မြန်မာနိုင်ငံအတွက် ကိုယ်ကျိုးမဲ့ကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ် ကျန်းမာ ရေးနှင့် ကုသရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို အဆက်မပြတ် တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here