ကင်မ်မလာ ကို မဲပေးမည်–တေလာဆွစ်

0
140

ဒီမိုကရက်တစ် ဒုတိယသမ္မတ ကင်မ်မလာ ဟဲရစ်နှင့် ရီပတ်ဘလီကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်တို့၏ အင်္ဂါနေ့ညပိုင်းက သမ္မတလောင်း စကားစစ်ထိုးပွဲအပြီးတွင် နာမည်ကြီးအဆိုတော် တေလာဆွစ်က ကင်မ်မလာကို ထောက်ခံသွားခဲ့ကြောင်းသိရသည်။

ဆွစ်က အင်စတာဂရမ်ပို့စ်တစ်ခုဖြင့် ထောက်ခံချက်ပေးသွားခဲ့ခြင်းဖြစ်ကာ လူထု စစ်တမ်းများအရ အကြိတ်အနယ်ယှဉ်ပြိုင်ရနိုင်သည်ဆိုသော နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတကို သူ မဲပေးသွားမည်ဟု ပြောဆိုခဲ့သည်။

ဆွစ်က “Taylor Swift, Childless Cat Lady” ဟူသော ပို့စ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး သူ၏ ဓါတ်ပုံနှင့် သူ၏ လူသိများသော ကြောင်တစ်ကောင်၏ပုံတို့ကို ဖော်ပြထားခဲ့သည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူ၏ Truth Social အကောင့်တွင် AI နည်းပညာသုံး ဓါတ်ပုံအတုတစ်ခုကို မျှဝေကာ ဆွစ်၏ ထောက်ခံချက် ရရှိခဲ့သယောင် ဖော်ပြခဲ့ပြီးနောက် သီတင်းပတ်အတော်ကြာ ထင်ကြေးပေးမှုများထွက်ပေါ်ခဲ့ပြီး တေလာဆွစ်၏ နိုင်ငံရေးအရ လွှမ်းမိုးမှု မြင့်တက်ခဲ့သည်။

ဆွစ်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဟဲရစ်တို့ကို ထောက်ခံပေးခဲ့သည်။

၂၀၂၄ သမ္မတ ရွေးကောက်ပွဲတွင် ဟဲရစ်နှင့် သူ၏ ဒုတိယသမ္မတလောင်းအဖြစ် အတူယှဉ်ပြိုင်မည့် Tim Walz တို့ကို သူ မဲပေးသွားမှာဖြစ်ကြောင်း ဆွစ်က ရေးသားခဲ့သည်။

သူ့အနေဖြင့် သေချာစိစစ်၍ ရွေးချယ်ပြီးဖြစ်ကြောင်းနှင့် သင်တို့သည်လည်း စိစစ်မှုလုပ်ကြကာ ကိုယ်တိုင် ရွေးချယ်မှုလုပ်ကြရန် အသက် ၃၄ နှစ်အရွယ် ဆွစ်က သူ၏ ဖော်လိုဝါ၂၈၃ သန်းကို ပြောဆိုခဲ့ပြီး မဲပေးခွင့်ရရန်အတွက် မဲစာရင်း သေချာစွာသွင်းကြရန်လည်း တိုက်တွန်းသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here