တရုတ်တက္ကသိုလ်များ၌ စစ်ပညာမသင်မနေရပြုလုပ်ရန် စီစဉ်နေ

0
159

ပေကျင်း၊စက်တင်ဘာ ၁၁

တရုတ်သမ္မတရှီလက်ထက်၌ ပညာရေး ကဏ္ဍတွင် နိုင်ငံတော်လုံခြုံရေးကို ပိုမိုအလေးပေးလုပ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် အထက်တန်းကျောင်းနှင့်တက္ကသိုလ်များမှကျောင်းသားများအတွက် အခြေခံစစ် ပညာသင်တန်းကို တက်ရောက်ရမည့်ဥပဒေ ကို ပြဌာန်းနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်းသိရသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့်ပညာရေးဥပဒေအားပြင်ဆင်သည့် ဥပဒေမူကြမ်းကို တရုတ်လွှတ်တော်အမတ်များက အမျိုုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအစည်းအဝေးတွင် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဥပဒေကြမ်းကို ဧပြီလက ပထမဆုံးဖတ်ကြားခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် အတည်ပြုနိုင်မည်ဖြစ်သည်ဟုလည်းသိရသည်။ယခုဥပဒေ ကို ပြဌာန်းပြီးပါက လိုက်နာရန်ပျက်ကွက်သော တက္ကသိုလ်များအနေဖြင့် ပြစ်မှုဆိုင်ရာစွဲချက်များဖြင့်ရင်ဆိုင်ရနိုင်သည်ဟုလည်းသိရသည်။

ပြင်ဆင်ဖြည့်စွက်ထားသည့် အဆိုပါဥပဒေမူကြမ်းအရ အမျိုးသားပညာရေးအာဏာပိုင်များနှင့် ဒေသန္တရစစ်အာဏာပိုင်များက အထက်တန်းကျောင်းများနှင့်တက္ကသိုလ်များတွင် စစ်ချီတက်ရေးလေ့ကျင့်မှုများနှင့်သေနတ် လေ့ကျင့်မှုများကိုပို့ချပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို ဒေသဆိုင်ရာအာဏာပိုင်များကတာဝန်ယူမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်လည်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် Fujian ပြည်နယ်ရှိ အချို့သောကျောင်းများသည် အော်တိုမစ်တစ်ရိုင်ဖယ်များ၊ဒုံးပစ်လောင်ချာများနှင့် သံချပ်ကာယာဉ်များအသုံးပြုကာ လေ့ကျင့်မှုများစတင်ပြုလုပ်နေပြီဖြစ်သည်ဟုဆိုသည်။

တရုတ်သမ္မတရှီသည် ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ်အရေးတို့နှင့်ပတ်သက်၍ အမေရိကနှင့်တင်းမာမှုမြင့်တက်လာနိုင်သည့် စိုးရိမ်မှုကြောင့်လည်း နိုင်ငံတော်လုံခြုံရေးကိုဦးစားပေးအဖြစ် လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here