ဗီယက်နမ်၌ တိုက်ဖွန်းမုန်တိုင်းယာဂီကြောင့် ‌ေ-သဆုံးသူ ၁၄၁ ဦးအထိရှိလာ

0
125
A woman holding an umbrella as she looks out at flood waters in Hanoi on September 11, 2024, as heavy rains in the aftermath of Typhoon Yagi brought flooding to northern Vietnam. - Residents of Hanoi waded through waist-deep water on September 11 as river levels hit a 20-year high and the toll from the strongest typhoon in decades passed 150, with neighbouring nations also enduring deadly flooding and landslides. (Photo by Nhac NGUYEN / AFP)

ဟနွိုင်း၊စက်တင်ဘာ ၁၁

ဗီယက်နမ်နိုင်ငံ၌ တိုက်ဖွန်းမုန်တိုင်းယာဂီကြောင့် ရွာငယ်လေးများရေနစ်မြုပ်ကာ လူ ၁၆ ဦးထပ်မံ‌ေ-သဆုံးပြီး စုစုပေါင်း‌ေ-သဆုံးသူ ၁၄၁ ဦးအထိဖြစ်လာကြောင်းသိရှိရသည်။ပျောက်ဆုံးနေသူလည်း ဒါဇင်နှင့်ချီရှိနေကြောင်းသိရသည်။

ရေကြီးရေလျှံမှုကြောင့် တောင်တစ်ခုမှ စီးဆင်းလာသည့်ရွှံ့စေးရေများကလည်း အိမ်ခြေ ၃၅ အိမ်သာရှိသည့် ရွာငယ်လေးတစ်ခုကို ဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါရွာမှ ရွာသူရွာသားများအနက် ၁၆ ဦး၏ရုပ်အလော-င်းများကို ကယ်ဆယ်ရေးသမားများရှာဖွေတွေ့ရှိထားပြီး ကျန်နေသေးသည့်လူ ၄၀ ခန့်ကိုမူ ဆက်လက်ရှာဖွေနေသည်ဟု သိရသည်။

ဗီယက်နမ်၌ တိုက်ဖွန်းယာဂီကြောင့် ‌ေ-သဆုံးသူဦးရေသည် ၁၄၁ ဦးအထိတိုးလာခဲ့ပြီး ၆၉ ဦး ပျောက်ဆုံးနေသေးကာလူများ ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်ဟုလည်း VTV မီဒီယာကပြောကြားခဲ့သည်။

ယာဂီသည် အရှေ့တောင်အာရှနိုင်ငံများသို့ဝင်ရောက်သည့်မုန်တိုင်းများအနက် ဆယ်စုနှစ်များစွာအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပြင်းထန်ဆုံး တိုက်ဖွန်းမုန်တိုင်းလည်းဖြစ်သည်။

၎င်းသည် တနင်္ဂနွေနေ့ကတည်းက အားပျော့သွားပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းမှုများကြောင့် မြစ်ရေများ မြင့်မားနေဆဲဖြစ်သည်ဟုလည်းသိရသည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here