မြစ်ရေကြီးမှုကြောင့် မြို့ (၇) မြို့တွင် ရေကြီးရေလျှံမှုများ ကြုံရနိုင်ကြောင်း မိုး/ဇလ သတိပေးထား

0
61

စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ ငဝန်မြစ်၊ သောင်ရင်းမြစ်၊ တိုးမြစ်နှင့် ဘီးလင်းမြစ်တို့သည် စိုးရိမ်ရေအမှတ်နှင့် အထက်ရောက်ရှိနေသောကြောင့် ယင်းမြစ်များ ဖြတ်သန်းစီးဆင်းရာ မြို့(၇)မြို့တွင် ရေကြီးမှုများ ကြုံလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။

မိုး/ဇလ၏ ထုတ်ပြန်ချက်အရ တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ဘီးလင်း မြို့ကြီးများသည် မြစ်ရေကြီးမှုများ ကြုံလာနိုင်ကြောင်း သိရသည်။

မိုး/ဇလက ထုတ်ပြန်ရာတွင် စစ်တောင်းမြစ်ရေသည် မဒေါ က်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၃၅ ဒသမ ၁၀ ပေ (၁၀၇၀ စင်တီမီတာ) အထက်သို့ ၂ ပေခွဲခန့် (၇၀ စင်တီမီ တာ) ကျော်လွန်ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေအမှတ်တွင် ဆက်ရှိနိုင်ကြောင်း သိရသည်။

ထိုနည်းတူ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေအမှတ် ၃၁ ဒသမ ၅၉ ပေ( ၉၆၃ စင်တီမီတာ) အထက်သို့ ၁ ၀ ပေခွဲ ခန့် (၃၁၉ စင်တီမီတာ) သို့ ကျော်လွန်ရောက်ရှိနေ ကာ နောက်တရက်တွင် ၃ ပေခန့် မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မဒေါက်မြို့နှင့် မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိဘပြု နေထိုင်ကြရန် မိုး/ဇလက အကြံပြုထားသည်။

ထို့ပြင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၁၉ ဒသမ ၆၉ ပေ (၆၀၀ စင်တီမီတာ) အောက် ပေဝက်ခန့် (၁၆ စင်တီမီတာ) တွင်ရောက်ရှိကာ နောက်တစ်ရက်အတွင်း မြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သလို ပဲခူးမြစ်ရေသည်လည်း ပဲခူးမြို့၏ စိုးရိမ်ရေအမှ တ် ၂၈ ဒသမ ၈၇ ပေ (၈၈၀ စင်တီမီတာ)အောက် ၁ ပေကျော် (၃၃ စင်တီမီတာ)တွင် ရောက်ရှိနေပြီး နောက်တရက်အတွင်း မြို့၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်သဖြင့် ပဲခူးနှင့် တောင်ငူ မြို့နယ်များအတွင်းရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန်လည်း အသိပေးထားသည်။

ထိုနည်းတူ သံလွင် မြစ်ရေသည်လည်း ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၂၄.၆၁ ပေ(၇၅၀)စင်တီမီတာသို့ ရောက်ရှိနေကာ နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်သောကြောင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ရန် လိုအပ်သည်ဟု မိုး/ဇလက သတိပေးထားသည်။

Photo-cj


LEAVE A REPLY

Please enter your comment!
Please enter your name here