ပါတီမှတ်ပုံတင်ခွင့် (၁)နှစ်ခွဲကျော်ကြာခဲ့သည့် မွန်ညီညွတ်ရေးပါတီ ရှေ့လုပ်ငန်းစဉ်များအား CEC အစည်းအဝေးပြီးမှသာ ချမှတ်နိုင်မည်ဟုဆို

0
85

ပါတီမှတ်ပုံတင်ခွင့် (၁)နှစ်ခွဲကျော်ကြာခဲ့သည့် မွန်ညီညွတ်ရေးပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ယခုလအတွင်း ပြုလုပ်မည့် ဗဟိုအလုပ် အမှုဆောင်(CEC) အစည်းအဝေးအပြီးမှသာ ချမှတ်နိုင်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပါတီမှတ်ပုံတင်ခွင့်ကျပြီးဖြစ်သော်လည်း လက်ရှိ နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများအရ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးခေါ်ယူပြီးမှသာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်မည့်အခြေအနေရှိသည်ဟု ၎င်းကဆိုသည်။

” CEC အစည်းအဝေးက ဒီလထဲမှာ လုပ်မှာပါ။ ရက်တော့မသတ်မှတ်ရသေးဘူး။ ရှေ့လုပ်ငန်းစဉ်ဆိုတာ လက်ရှိ အခြေအနေမှာ ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာပါ “ဟု ၎င်းက ပြောသည်။

မွန်ညီညွှတ်ရေးပါတီ မှတ်ပုံတင်ခြင်းကို ယမန်နှစ် မတ်လ (၁၅)ရက်တွင် ဆောင်ရွက်ခဲ့ကြပြီး တစ်နှစ်ခွဲကျော်အကြာ စက်တင်ဘာ (၉)ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉)နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပါတီအနေဖြင့် မွန်ပြည်နယ်တစ်ဝန်း မဲဆန္ဒနယ်များအားလုံး ကို ကိုယ်စားပြုထားပြီး ပါတီမှတ်ပုံတင်အမှတ်မှာ (၅၂) ဖြစ်ကာ ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ (၁၉) လမ်း၊ အိမ်အမှတ် (၁၆) တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်ပြုထားသည် နိုင်ငံရေးပါတီ (၅၂) ပါတီရှိလာပြီဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here