ရန်ကုန်-မန္တလေး မီးရထားလမ်းရှိတံတားတစ်စင်း ရေတိုက်စားခံရ၍ ရထားပြေးဆွဲမှု ရပ်နားထား

0
148

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်ရှိသည့် တံတားတစ်စင်း ရေတိုက်စားခံရသောကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်ကို ယာယီရပ်နားထားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ပျော်ဘွယ်မြို့၏ တောင်ဘက် (၃) မိုင်ခန့်အကွာ၊ ကျောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ်(၂၈၅) အနီးရှိအမှတ် (၁) သံလမ်းပေါ်မှ သံဘောင်တံတား ထောက်တိုင်များသည် ရေတိုက်စားမှုကြောင့် ပြုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်-မန္တလေးရထားလိုင်းများပြေးဆွဲခြင်းကို ယနေ့စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းမှစတင်ကာ ယာယီရပ်နားထားကာ လက်ရှိတွင် မီးရထားများ ပုံမှန်ပြေးဆွဲနိုင်ရန်အတွက်သက်ဆိုင်ရာ အာဏာပိုင်များက ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ပျော်ဘွယ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်ဆည်ကန် ကျိုးပေါက်ကာ ကျေးရွာများ ရေနစ်မြုပ်နေသလို ရမည်းသင်း မြို့နယ်ထဲ၌လည်း ကျေးရွာတွေ ရေမြုပ်နေပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည် ယနေ့တွင်မူ မြစ်ရေကြီးခြင်း သတိပေးချက်ကို ထုတ်ပြန်ထားပြီး မိုး ဆက်လက် ရွာသွန်းနေပြီး ဆက်လက် ရေကြီးနစ်မြုပ်နိုင်တာကြောင့် ပျော်ဘွယ်မြို့အပါဝင် ကျောက်ဆည်နှင့် မြစ်သားနယ် များရှိ မြစ်၊ ချောင်းဘေးနေ ကျေးရွာများသည် ရေဘေးအန္တရာယ် သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here