ဟိုပုံးမြို့နယ်အတွင်းရေကြီးနေ၍ အခြေခံပညာစာသင်ကျောင်း(၈)ကျောင်းကိုယာယီပိတ်

0
50

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ ဟိုးပုံးမြို့နယ်အတွင်းရေကြီးနေ၍ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၈) ကျောင်းကို ယနေ့ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ယာယီပိတ်ထားရကြောင်း သိရသည်။

ဟိုပုံးမြို့နယ်အတွင်း စက်တင်ဘာ ၈ ရက်ညပိုင်းမှစတင်၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ရာ ယနေ့ စက်တင်ဘာ ၁၁ ရက်နံနက်အစောပိုင်းမှစတင်ပြီး နေအိမ်များအတွင်းနှင့်အခြေခံပညာစာသင်ကျောင်းများ၊ လမ်းများပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အ.ထ.က(စငေါ)၊ အ.ထ.က(ကျောက္ကချား)၊ အ. လ.က(ဝမ်စောက်)၊ အ.မ.က မူလွန်(စံဖူး)၊ အ.မ.က(၁)၊ အ.မ.က(ဖာလွိုင်)၊ အ.မ.က (လိုက်ပေး)၊ အ.မ.က(နောင်ဆုံ)တို့တွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ကျောင်းသူများနှင့်ဆရာ၊ဆရာမများ ရေဘေးအန္တရာယ်မကြုံတွေ့စေရန် ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ယာယီပိတ်ခဲ့ရသဖြင့် ကျောင်းသား၊ကျောင်းသူများ စာသင်ကြားမှုနောက်မကျစေရန် အစားထိုးသင်ကြားမှုများပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here