ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်များမြစ်ရေမြင့်တက်နေခြင်းကြောင့် နေပြည်တော်နှင့် ပျဉ်းမနား မြို့နယ် အတွင်းမှ ပြည်သူများ ရေဘေးသတိထားရန် သတိပေးထား

0
51

နေပြည်တော်နှင့် ပျဉ်းမနားမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများအနေဖြင့် ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်နေခြင်းကြောင့် ရေဘေးသတိထားရန် ယနေ့ စက်တင်ဘာလ (၁၁) ရက်တွင် နစကမှ အသိပေးထုတ်ပြန်ထားသည်။

ယာဂီမုန်တိုင်း အရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများ၌ မိုးများရွာသွန်းလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလို က်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိကြောင်း သိရသည်။

သို့ပါ၍ ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်‌ေ-သချောင်းနှင့် ပေါင်းလောင်းမြစ်ကြောင်း တစ်လျှောက်ရှိ အနိမ့်ပိုင်း ဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာ ယ် သတိပြုနေထိုင်ကြရန် အသိပေးထားသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် စက်တင်ဘာ (၁၁) ရက် ယနေ့မနက် အစောပိုင်း၌ မိုးသည်းထန်စွာရွာပြီး နဝင်းချောင်းမှ ရေတက်ကာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာတချို့ ရေနစ်မြုပ်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

နဝင်းချောင်းရေတက်မှုကြောင့် မကျီးပင်ကျေးရွာ၊ ရေတွင်းဖြူကျေးရွာ၊ ရှားတုန်းအိုင်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာမှ နေထိုင်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here